အားလုံးပဲ မင်္ဂလာပါ။ တို့ဖူးကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဆေးဘဲဥနဲ့ တို့ဖူးရောကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တို့ဖူး ၂ တုံး
  • ကြက်သား ၁၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးတောင့် ၂ တောင့် (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆေးဘဲဥ ၁ လုံး (အနေတော် အတုံးတုံးထားပါ)
  • ပင်စိမ်းရွက် ၅ ဂရမ်
  • ခရုဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဟင်းသီးဟင်းရွက်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက တို့ဖူးတုံးများ ထည့်ကြော်လိုက်ပါ။ တို့ဖူးတုံးများ ရွှေညိုရောင် ပြောင်းသွားပါက အိုးထဲက ခပ်ထုတ်ပြီး အအေးခံထားလိုက်ပါ။ ထို့နောက် အနေတော် အတုံးများ တုံးထားလိုက်ပါ။

၂။ ထိုဒယ်အိုးထဲတွင်ပင် ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ဆီပူလာပါက ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။

၃။ ထို့နောက် ကြက်သားတုံးများ ထည့်ကြော်လိုက်ပါ။ ကြက်သားများ ကျက်သွားပြီဆိုပါက ငရုတ်သီးနှင့် တို့ဖူးများထည့်ကာ ၃ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ခရုဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ထည့်ကာ ၁ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၅။ ထို့နောက် ပင်စိမ်းရွက်နှင့် ဆေးဘဲဥများထည့်ပြီး သမအောင် ထပ်ကြော်ပေးလိုက်ပါ။

ပြီးမှ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် ပန်းကန်ပြားထဲထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဆေးဘဲဥ တို့ဖူးကြော်လေး ရရှိသွားပါပြီ။

Source: Asianfoodchannel.com