အားလုံးပဲ မင်္ဂလာပါ။ အဆာပြေမုန့်များ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ထမင်းမစားခင်မှာ Appetizer အနေနဲ့ စားသုံးနိုင်တဲ့ ဝက်သားလိပ် ကြက်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၂ တုံး (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားပြီး တစ်လက်မပတ်လည် အတုံး တုံးထားပါ)
  • ဝက်ဆားနယ်ခြောက် ၈ အောင်စ
  • အကင်ပြုလုပ်ရာတွင် သုံးသည့်ဆော့စ် စားပွဲတင်ဇွန်း ၈ ဇွန်းမှ ၁၆ ဇွန်းအထိ
  • သွားကြားထိုးတံ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

Oven ထဲ ထည့်မယ့် လင်ဗန်းကို ခဲဖတ် ခံထားပြီးနောက် ဟင်းချက်စပရေးဖြင့် ဖြန်းထားလိုက်ပါ။

၂။ ကြက်သားတုံး တစ်တုံးချင်းစီကို ဝက်ဆားနယ်ခြောက်များဖြင့် ပတ်ပါ။ ထို့နောက် ပြုတ်ထွက်မသွားအောင် သွားကြားထိုးတံဖြင့် ထိုးပေးလိုက်ပါ။

၃။ ကြက်သား ထည့်လိပ်ထားသော ဝက်ဆားနယ်ခြောက်များကို လင်ဗန်းပေါ်တွင် အစီအရီထည့်ပြီးနောက် အကင်ဆော့စ်ဖြင့် သုတ်လိမ်းပေးလိုက်ပါ။

၄။ ထို့နောက် ကြိုတင်အပူပေးထားသော Oven ထဲတွင် ၄၅ မိနစ်မှ တစ်နာရီခန့် ထည့်ကာ အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့နောက်မှာတော့ Oven ထဲက ထုတ်ကာ အကင်ဆော့စ်အနည်းငယ် သုတ်လိမ်းပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားလိပ် ကြက်ကြော်များ ရရှိသွားပါပြီ။

သွားရေစာမုန့်အဖြစ် ပူပူနွေးနွေးလေး သုံးဆောင်နိုင်ပါပြီ။

စာဖတ်သူတို့အနေနဲ့ ကြက်သား အစား ဝက်အူချောင်၊ ကြက်အူချောင်း၊ ငါးအသားလုံး စတဲ့ မိမိကြိုက်နှစ်သက်ရာ အသားများကိုလည်း အစားထိုး အသုံးပြုကာ ချက်ပြုတ်နိုင်ပါသေးတယ်။

Source: Lilluna.com