အားလုံးပဲမင်္ဂလာပါနော်။ ကြက်သား BBQ လည်းလုပ်စားချင်တယ်၊ အကင်စက်လည်းမရှိ၊ မီးသွေးလည်းမရှိလို့ ဘယ်လိုလုပ်ရမလဲဆိုသူတွေအတွက် ရိုးရိုးရှင်းရှင်းလေးနဲ့ BBQ လုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။
ပါဝင်ပစ္စည်း
- ကြက်သားရင်အုံသား (သို့) အရိုးမပါတဲ့ ပေါင်သား မိမိနှစ်သက်သလောက်
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
- သံပယိုရည် စားပွဲတင်ဇွန်း ၁ဇွန်း
- သကြား စားပွဲတင်ဇွန်း ၁ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း (မရှိရင် သကြား ထပ်ထည့်နိုင်ပါတယ်)
- ဝိုင်အဖြူ စားပွဲတင်ဇွန်း ၁ဇွန်း
- ကြက်သွန်ဖြူ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ဇွန်း
- ဂျင်းတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ဇွန်း
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ဇွန်း
- ဆား၊ ငရုတ်ကောင်းမှုန့်၊ နှမ်း နည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ကြက်သားကို ရေဆေးပြီး အတုံးလေးတွေလှီးပါ။ အဆီတွေကို ဖယ်ထုတ်လိုက်ပါ။
ကျန်တဲ့ပါဝင်ပစ္စည်းတွေအားလုံးကို ရောလိုက်ပါ။ သကြားအရည်ပျော်သွားတဲ့အထိထားပါ။
ပြီးရင်တော့ ကြက်သားနဲ့ နယ်ပေးလိုက်ပြီး မိနစ် ၃၀ လောက်နှပ်ထားပါ။
အဲဒီနောက် Pan အိုးထဲမှာ ဆီနည်းနည်းလေးထည့်ပြီး ဟိုဖက်ဒီဖက်ကျက်အောင် ကင်ပေးလိုက်ရုံပါပဲ။ တစ်ဖက်ကို ၂ မိနစ်ခန့်ထားပါ။
ပြီးရင်တော့ သုံးဆောင်လို့ရပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar