အားလုံးပဲမင်္ဂလာပါနော်။ ကြက်သား BBQ လည်းလုပ်စားချင်တယ်၊ အကင်စက်လည်းမရှိ၊ မီးသွေးလည်းမရှိလို့ ဘယ်လိုလုပ်ရမလဲဆိုသူတွေအတွက် ရိုးရိုးရှင်းရှင်းလေးနဲ့ BBQ လုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်သားရင်အုံသား (သို့) အရိုးမပါတဲ့ ပေါင်သား မိမိနှစ်သက်သလောက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သံပယိုရည် စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း (မရှိရင် သကြား ထပ်ထည့်နိုင်ပါတယ်)

  • ဝိုင်အဖြူ စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ဇွန်း
  • ဂျင်းတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား၊ ငရုတ်ကောင်းမှုန့်၊ နှမ်း နည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားကို ရေဆေးပြီး အတုံးလေးတွေလှီးပါ။ အဆီတွေကို ဖယ်ထုတ်လိုက်ပါ။

ကျန်တဲ့ပါဝင်ပစ္စည်းတွေအားလုံးကို ရောလိုက်ပါ။ သကြားအရည်ပျော်သွားတဲ့အထိထားပါ။

ပြီးရင်တော့ ကြက်သားနဲ့ နယ်ပေးလိုက်ပြီး မိနစ် ၃၀ လောက်နှပ်ထားပါ။

အဲဒီနောက် Pan အိုးထဲမှာ ဆီနည်းနည်းလေးထည့်ပြီး ဟိုဖက်ဒီဖက်ကျက်အောင် ကင်ပေးလိုက်ရုံပါပဲ။ တစ်ဖက်ကို ၂ မိနစ်ခန့်ထားပါ။

ပြီးရင်တော့ သုံးဆောင်လို့ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar