ဈေးထဲမှာတွေ့ရလေ့ရှိတဲ့ ပဲလေးတွေကို အရံဟင်းလေးတစ်ခွက်အဖြစ် ချက်ကြည့်ရအောင်။ ပဲဟင်းလေးဆိုတော့ အစပ်မကြိုက်တဲ့ ကလေးတွေ၊ လူကြီးတွေပါ အကြိုက်တွေ့မှာ အသေချာပါ။
ပါဝင်ပစ္စည်း
- ဗိုလ်ကိတ်ပဲ ၁ဗူး(နို့ဆီဗူး)
- ကြက်သွန်ဖြူ ၁ဥ
- ကြက်သွန်နီ ၂ဥ
- ဆီ ၂ကျပ်သားခန့်၊ ဗမာနံနံ
- ဆား၊ ဆနွင်း၊ ဂျင်း အနည်းငယ်
ပြုလုပ်နည်း
အိုးထဲ ဆီ ထည့်ပြီး ဆနွင်းနဲနဲ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ရော ဆီသက်ပါ။ ပြီးလျှင် ပဲနှင့် ရေထည့်ပါ။
ခဏနေမှ ဆား ထည့်ပါ။ ဆီပြန်လျှင် ဗမာနံနံခတ်ပြီး သုံးဆောင် နိုင်ပါသည်။
Credit: Daw Suu Suu