ဟင်းချက်နည်းတွေကိုပဲ အမျိုးမျိုးပြောပြနေကျဆိုပေမယ့် ဒီတစ်ခါမှာတော့ ထမင်းကို ပြောင်းချက်ကြည့်ကြရအောင်။ အုန်းထမင်း၊ ထောပတ်ထမင်း စသဖြင့် ထမင်းအစုံအလင်ကို ချက်ဖူးနေကြဆိုပေမယ့် ပဲထမင်းကတော့ တမျိုးလေးဆန်းနေပါတယ်နော်။ ဒါကြောင့် ထမင်းစားတဲ့အခါ ပိုမြိန်ရလေအောင် အခုပဲ ချက်နည်းလေးကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးလိုက်ရပါတယ်။
ပါဝင်ပစ္စည်းများ
- ဆန် – ၂ ဗူး
- ရေ – ၄ ဗူး
- ကုလားပဲ – ဗူးတဝက်
- ထောပတ် – ၂ ဇွန်း
- ဆီ – ၄ ဇွန်း
- ဇီယာ
- ကရဝေး – တစ်ရွက်
- ဆား – ၁/၂ ဇွန်း
ပြုလုပ်ပုံ
ကုလားပဲ တဝတ် ကျက်အောင် ပြုတ်ထားပါ။ ထောပတ် ဆီ တို့ကို အပူပေးပြီး ဇီယာ၊ ကရဝေးရွက် ထည့်ကြော်ပါ။
ထမေင်းပါင်းအိုးထဲ ဆန်ထည့် ရေထည့်ပြီး ဆီသတ်ထားတာ ထည့်ပါ။
ကုလားပဲ ထည့်တည်လိုက်ပါ။ ဆူရင် တစ်ပတ်မွှေပေးပါ။ ထမင်းပေါင်းအိုး ခလုတ်ကျလျှင် ရပါပြီ။
Credit: Daw Suu Suu