အားလုံးပဲ မင်္ဂလာပါ။ ဟင်းရည်ပူပူလေး တစ်ခွက်လောက်ပါမှ ထမင်းစားဝင်တယ်ဆိုသူများအတွက် ဒီတစ်ခါမှာတော့ ဝက်သားလုံး ပဲပင်ပေါက်စွပ်ပြုတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ဝက်သားလုံးပြုလုပ်ရန်လိုအပ်သော ပါဝင်ပစ္စည်းများ
- ဝက်သား ၂၅၀ ဂရမ်
- ကြက်သွန်မြိတ် ၂ ပင်
- တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး
- ရေနွေး ၁၂၅ မီလီလီတာ
- ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
- ကြက်ဥ ၁ လုံး
- ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
စွပ်ပြုတ်ပြုလုပ်ရန်လိုအပ်သော ပါဝင်ပစ္စည်းများ
- ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ခရမ်းချဉ်သီး ၁ လုံး
- ပဲပင်ပေါက် ၁၅၀ ဂရမ်
- တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး
- ဆားအနည်းငယ်နှင့် ရေ ၃ လီတာ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ကို ရေနွေး ၁၂၅ ဂရမ်ထဲထည့်ထားပြီး မိနစ် ၂၀ ခန့် စိမ်ထားလိုက်ပါ။
၂။ ဝက်သားကို ပါးပါးလှီးပြီးနောက် အသားကြိတ် Blender ထဲထည့်ကာ ၁ မိနစ်ခန့် မွှေပေးလိုက်ပါ။ ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်နှင့် ကြက်ဥတို့ ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ ကြက်သွန်မြိတ်နှင့် ဂျင်းတို့ထည့်ပြီး ၂ မိနစ်ခန့် ထပ်မွှေပေးလိုက်ပါ။
၃။ ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ရေအနည်းငယ်ထည့်ပြီး အသားများ ပျော့သွားသည်အထိ Blender ကို မွှေပေးလိုက်ပါ။
ထို့နောက် ညက်ညက်ကြေနေသောအသားကို အသားလုံးဖြစ်အောင် လုံးပေးလိုက်ပါ။
၄။ ခရမ်းချဉ်သီးကို ပါးပါးလှီးပြီးနောက် နူးအိသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ရေ ၃ လီတာ၊ ပဲပင်ပေါက် ၃ ပုံ ၁ ပုံ၊ ဂျင်း အစရှိသည်တို့ကို အိုးထဲထည့်ပြီး ၂၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။
၅။ ဟင်းရည်ဆူလာပါက ဝက်သားလုံးများ ထည့်ကာ ဝက်သားလုံးများ ရေပေါ် ပေါလောပေါ်လာသည်အထိ တည်ထားလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်ပေးလိုက်ပါ။
ထိုအဆင့်များအားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ဝက်သားလုံး ပဲပင်ပေါက်စွပ်ပြုတ်လေး ရရှိသွားပါပြီ။
Source: Chinasichuanfood.com