ကြက်သား နှင့် အသဲအမြစ် ကိုပဲရည်နဲ့ သုပ်စားတယ် ။ ဟင်းချက် စားရတာထက် တခါတလေ ဒီလိုပြောင်း လုပ်စားတော့ ထမင်းစား ကောင်းတယ် ။
ပါဝင်ပစ္စည်း
- ကြက်သား
- အသဲအမြစ်
- မွှေးပဲ အစိမ်းမုန့်
- ကြက်ဥ
- ဆား
- အချိုမူန့်
- ဆနွင်း
- ရေ
- ဂေါ်ဖီ
- ကြက်သွန်နီ
- ရှောက်ရွက်
- ငရုပ်သီးစိမ်း
- ငရုပ်သီးအမုန့်
- သံပုရာသီး
- ငံပြာရည်
- ဟင်းခတ်မုန့်
ပြင်ဆင်ပြုလုပ်နည်း
- မွှေးပဲ အစိမ်းမုန့် တထုပ်ကို ဆား ၊ အချိုမူန့် ၊ ဆနွင်း နည်းနည်း ထည့်ပြီး ရေဖျော်ထားပါ ။
- ကြက်သားကို ရေဆေး သန့်စင်ပြီး ဆား ၊ ဆနွင်း နယ်ပီး ရေနဲ့ပြုတ် နူးလာရင် ဆယ်ထားပါ ။
- ကြက်ပြုတ်ရည် ထဲကို ရေဖျော် ထားတဲ့ ပဲရည်တွေ ထည့်ပီး ကျိုပါ ။ မပြတ်မွှေပေးပါ ။ ပဲအစိမ်းနံ့ ပျောက်ပြီး မွှေးလာရင် ခေါက်ထားတဲ့ ကြက်ဥ တလုံး အမျှင်စွဲရျ် ထည့်ပါ ။ ဆူပွက်လာရင် ရပါပြီ ။
- ကြက်သား နှင့် အသဲအမြစ် ကို အနေတော် လှီးရျ် ပဲရည် ဆမ်းပြီး ဂေါ်ဖီ ၊ ကြက်သွန်နီ ၊ ရှောက်ရွက် ၊ ငရုပ်သီးစိမ်း ၊ ငရုပ်သီးအမုန့်ရော ထည့်ပြီး ၊ သံပုရာညှစ် ၊ ငံပြာရည် ၊ ဟင်းခတ်မုန့် ထည့်ပြီး ချဉ်စပ် သုပ်စားပါ ။
Credit: War War Khin Hlaing