အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အမဲသား ကြက်ဥမွှေကြော်ဟင်းလျာ ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၈ အောင်စ (ပါးပါးလှီးထားပါ)
  • ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန့်ဖုတ်ဆိုဒါ အနည်းငယ်

  • ကြက်သွန်ဖြူ ၂ မြွှာနှင့် ကြက်သွန်မြိတ် ၂ ပင် (နုပ်နုပ်စဉ်ထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် (သို့) အမဲပြုတ်ရည် ပန်းကန်လုံး ၂ ခွက်ခွဲ (စားပွဲတင်ဇွန်း အဇွန်း ၄၀)
  • ငရုတ်ကောင်းမှုန့်၊ ဆားနှင့် သကြားအနည်းငယ်
  • ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ပြောင်းမှုန့်ရေ (ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောမွှေထားပါ)
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါးပါးလှီးထားသော အမဲသားများကို ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပြောင်းမှုန့်၊ မုန့်ဖုတ်ဆိုဒါတို့ဖြင့် သမအောင်နယ်ထားပြီးနောက် ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ပြီးတာနဲ့ အမဲသားတုံးများ ချက်ချင်းထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပေးရပါမယ်။

၃။ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်၏ ဖြူသောအစိတ်အပိုင်းတို့ထည့်ကာ သမအောင် မွှေကြော်ပါ။ ဟင်းချက်ဝိုင်ထည့်ပြီး နောက်ထပ် စက္ကန့် ၂၀ ခန့် မွှေကြော်ပေးရပါမယ်။

၄။ ထို့နောက် ကြက်ပြုတ်ရည်၊ ဆား၊ သကြား၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အနောက်၊ ခရုဆီ၊ နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၅။ ပြောင်းမှုန့်ရေထည့်ပြီးနောက် ဟင်းနှစ်များ ပျစ်သွားသည်အထိ အဆက်မပြတ်မွှေပေးရပါမယ်။

၆။ ပြီးရင်တော့ မွှေခလောက်ထားသော ကြက်ဥထည့်ကာ ၁၀ စက္ကန့်ခန့် မွှေပေးလိုက်ပါ။ ပြီးရင်တော့ ကျန်ရှိနေသော ကြက်သွန်မြိတ်များထည့်ပြီး နောက်ထပ် ၅ စက္ကန့်ခန့် မွှေကြော်ပေးရပါမယ်။

ဒါဆိုရင်တော့ အမဲသား ကြက်ဥမွှေကြော်လေး ရရှိသွားပါပြီ။ ရရှိလာတဲ့ ဟင်းလျာပူပူလေးနဲ့ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source : Thewoksoflife.com