ထမင်းကြော်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ စားရတာ အရသာရှိတဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လူတော်တော်များများက ထမင်းကြော်ကို မနက်စာအဖြစ် စားသုံးကြတာပါ။

ထမင်းကြော်ထဲကို အမဲသားနဲ့ ရွှေပဲလုံးတွေ ထည့်ကာကြော်လိုက်မယ်ဆိုရင်တော့ မျှတတဲ့အာဟာရဓာတ်ကို ရရှိနိုင်ပါတယ်။ ထိုမှတဆင့် ကင်ချီလေးပါ ထပ်ထည့်မယ်ဆိုရင်တော့ ကိုရီးယားစတိုင်လ်ထမင်းကြော် ဖြစ်သွားပါပြီ။

ပါဝင်ပစ္စည်းများ

• အမဲသား ဝ.၅ ပေါင်ခန့် (လေးထောင့်အတုံးငယ်များ တုံးထားလိုက်ပါ)
• ရွှေပဲလုံး ၇၅ ဂရမ်နှင့် ကင်ချီ ၇၅ ဂရမ်
• ကြက်သွန်မြိတ် တစ်ပင် (ပါးပါးလှီးထားပါ)
• ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

• ထမင်း ပန်းကန်လုံး တစ်လုံးစာခန့်
• ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီ ဆီထည့်ကာ ဆီပူလာပါက အမဲသားများကို ၂ မိနစ်၊ ၃ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၂။ အမဲသားများ ရွှေညိုရောင် ပြောင်းသွားပြီဆိုရင်တော့ ရွှေပဲလုံးနှင့် ကင်ချီများကို အိုးထဲထည့်ကာ ၂ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၃။ ထို့နောက် မီးအပူချိန်ကို လျော့လိုက်ပြီးနောက် ထမင်းထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။ ဆားနှင့် ပဲငံပြာရည်တို့ထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ဒါဆိုရင်တော့ ကင်ချီထမင်းကြော်လေး ရရှိသွားပါပြီ။ ပန်းကန်ပြားထဲ ပြောင်းထည့်ပြီးနောက် စားခါနီးကျမှ ပါးပါးလှီးထားသော ကြက်သွန်မြိတ်ကို ထမင်းပေါ် တင်ကာ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Spicetheplate.com