အားလုံးပဲ မင်္ဂလာပါ။ အကြော် ပူပူလေး ကြော်စားချင်ပေမယ့် မီးဖိုချောင်ထဲမှာ ဘူးသီး၊ ပြောင်းဖူး စတဲ့ ပါဝင်ပစ္စည်းတွေ မရှိလို့ စိတ်မညစ်လိုက်ပါနဲ့။ ကြက်သွန်နီလေး ရှိတယ် ဘီယာအနည်းငယ်လည်း ရှိတယ်ဆိုရင်တော့ ဘီယာမုန့်နှစ်နဲ့ ကြော်ထားတဲ့ ကြက်သွန်ကွင်းကြော်လေး လုပ်စားလို့ရပါတယ်။

ဘီယာမုန့်နှစ်က ကြက်သွန်းကွင်းကြော်လေး အေးသွားသည့်တိုင်အောင် ကြွပ်ရွနေစေဖို့ ကူညီပေးပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ပန်းကန်လုံး ၂ လုံးစာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ဘီယာ စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • ကြက်သွန် ဥကြီး ၂ ဥ
  • ကြော်ရန် ဟင်းသီးဟင်းရွက်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျုံမှုန့် စားပွဲတင်ဇွန်း ၂၄ ဇွန်း၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားပါ။ ထို့နောက် ဘီယာထည့်ကာ အနှစ်များဖြစ်သွားသည်အထိ ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့ မုန့်နှစ်ကို ၁၀ မိနစ်ခန့် စိမ်ထားပါ။

၂။ မုန့်နှစ် စိမ်ထားချိန်မှာ ကြက်သွန်များကို အခွံခွာပြီးနောက် အကွင်းလိုက် လှီးဖြတ်ထားပါ။ ထို့နောက် ကျန်ရှိနေသော ဂျုံမှုန့်များကို ကြက်သွန်ကွင်းပေါ်သို့ ဖြူးပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆိ ထည့်ပါ။

ဆီပူလာပြီဆိုရင်တော့ ဂျုံမှုန့် ဖြူးထားသော ကြက်သွန်ကွင်းများကို ဘီယာမုန့်နှစ်ထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ဆီပူထဲထည့်ကာ ၃ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၄။ ကြက်သွန်ကွင်းက ရွှေညိုရောင် ပြောင်းသွားတဲ့အခါမှာတော့ ပန်းကန်ပြားထဲသို့ ပြောင်းထည့်လိုက်ပါ။ ထို့နောက် ဆားအနည်းငယ် ချက်ချင်း ဖြူးထည့်လိုက်ပါ။

ကျန်ရှိနေသော ကြက်သွန်ကွင်းများကိုလည်း ထိုနည်းအတိုင်း ကြော်ပြီး ဆားချက်ချင်း ဖြူးထည့်ပေးလိုက်ပါ။

အားလုံး ကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိပြီး ကြွပ်ရွနေတဲ့ ကြက်သွန်ကွင်းကြော်များ ရရှိသွားပါပြီ။

Source: Justataste.com