အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အမဲသားကို ကိုရီးယားဟင်းလျာချက်ပြုတ်နည်းဖြင့် ချက်ပြုတ်နိုင်အောင် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသားပြား ၃၀၀ ဂရမ်
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၅ မြွှာ (အခွံခွာထားပါ)
  • ကြက်သွန်နီ ၁ ဥ (အခွံခွာထားပါ)နှင့် ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၂ ဖွန်း

  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် ၁၀၀ မီလီလီတာ
  • သကြားညို ၄၀ ဂရမ်
  • နှမ်းဆီ ၆၀ မီလီလီတာ
  • ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ပါးပါးလှီးထားပါ။ ပန်းကန်လုံးတစ်လုံးတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲငံပြာရည်၊ သကြားညို၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်နှင့် ပျားရည်တို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၂။ အမဲသားပြားများကို ထိုပန်းကန်လုံးထဲထည့်ပြီးနောက် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ချက်ခါနီးကျမှ နှမ်းစေ့လေး ဖြူးထည့်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီးနောက် အိုးပူလာပါက အမဲသားပြားများထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ အမဲသားလေး နူးအိသွားပါက ပန်းကန်ပြားထဲထည့်လိုက်ပါ။ ကြက်သွန်မြိတ်လေး ဖြူးထည့်ပြီးနောက် ထမင်းနဲ့အတူတူ အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Asianfoodnetwork.com