အားလုံးပဲ မင်္ဂလာပါ။ မနက်စာကို အာဟာရပြည့်ဝပြီး ဗိုက်ပြည့်အောင် စားချင်သူများအတွက် ဒီတစ်ခါမှာတော့ အမဲသားထမင်းကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၄ လုံးစာ
  • အမဲသား ၆၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်ပွ အနီတစ်ခြမ်း အစိမ်း တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို နုပ်နုပ်စဉ်းပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် ၁၀ မိနစ်ခန့် နှပ်ထားပေးရပါမယ်။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ကြက်သွန်ဖြူထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ပန်းကန်လုံးထဲသို့ ဆယ်ယူထားလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးထဲသို့ အမဲသားထည့်ပြီး အမဲသားများ ကျက်သွားသည်အထိ ကြော်ပေးလိုက်ပါ။

၄။ ထမင်းထည့်ပြီး သမအောင် ထပ်မွှေကြော်ပေးလိုက်ပါ။

၅။ ပဲငံပြာရည်၊ ဆီသတ်ထားသော ကြက်သွန်ဖြူ၊ ငရုတ်ပွတို့ထည့်ပြီး သမအောင် မွှေကြော်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် လိုအပ်ပါက ဆား အနည်းငယ် ထပ်ထည့်ပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား ထမင်းကြော်လေး ရရှိသွားပါပြီ။ မနက်စာအဖြစ် ပူပူနွေးနွေး သုံးဆောင်နိုင်ပါတယ်။

Source : Chinasichuanfood.com