အားလုံးပဲ မင်္ဂလာပါ။ မနက်စာကို အာဟာရပြည့်ဝအောင် ဘယ်လိုအစားအစာတွေကို စားသုံးရမလဲဆိုတာ စဉ်းစားရခက်နေပါသလား။ အမဲသားကင် ဟမ်ဘာဂါလေး လုပ်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၂ ပေါင်ခွဲခန့်
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းစီ
  • အမဲပြုတ်ရည် ၂၅၀ မီလီလီတာခန့်နှင့် မိရောနိစ် အနည်းငယ်

ပေါင်မုန့်ပြုလုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ

  • ဟမ်ဘာဂါပြုလုပ်သည့် ပေါင်မုန့်လုံး ၄ လုံး
  • ကဝရဝေးစေ့ (သို့) နှမ်းစေ့ စားပွဲတင်ဇွန်း တစ်ဇွန်း
  • ဆား စားပွဲတင်ဇွန်း တစ်ဇွန်း
  • ကြက်ဥ တစ်လုံး (မွှေခလောက်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ကြက်သွန်ဖြူများကို အမဲသားထဲ ထည့်ထားလိုက်ပါ။

၂။ ထို့နောက် သံလွင်ဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကို အမဲသားတုံးပေါ်မှာ ဖြူးထားလိုက်ပါ။

၃။ အမဲသားတုံးကို Oven ထဲမှာ ထည့်ကင်လိုက်ပါ။ အမဲပြုတ်ရည်များကို အမဲသားတုံးပေါ် လောင်းချပြီး ၁၅ မိနစ်ခန့် ကင်ရပါမယ်။

၄။ ပေါင်မုန့်လုံးများကို ကြက်ဥဖြင့် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ကရဝေးစေ့ (သို့) နှမ်းစေ့ကို ဆားနှင့် ရောမွှေပြီးနောက် ပေါင်မုန့်ပေါ်မှာ ဖြူးပေးလိုက်ပါ။

၅။ ပေါင်မုန့်လုံးများကို Oven ထဲမှာ ၂ မိနစ်မှ ၅ မိနစ်ခန့်အထိ မီးဖုတ်လိုက်ပါ။

၆။ အမဲသားတုံးကို ပါးပါးလှီးပေးလိုက်ပါ။ ပေါင်မုန့်လုံးများကို အအေးခံထားပြီးနောက် အမဲသားပြားများကို ပေါင်မုန့်ကြားထဲညှပ်ကာ မိရောနိစ်များကို သုတ်လိမ်းလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား ဟမ်ဂါဘာလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com