အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ အာဟာရပြည့်ဝတဲ့ သွားရေစာအနေနဲ့ရော ဟင်းလျာအနေနဲ့ပါ စားသုံးနိုင်တဲ့ အမဲသား ပန်ကိတ်ကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဆန်မှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း

  • ကြော်ရန် ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်ဥ ၃ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားများကို ခပ်ပါးပါးလှီးဖြတ်ပြီးနောက် တစ်ခုနှစ် တစ်ခု ထိကပ်မအောင် ခွာထားလိုက်ပါ။

၂။ ထို့နောက် ဆား အနည်းငယ် ဖြူးလိုက်ပါ။

၃။ နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူများဖြင့် အညီအညာ သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ငရုတ်ကောင်းမှုန့် ဖြူးပါ။ နှမ်းဆီကို လက်ဖဝါးပေါ် ဆမ်းထည့်ပြီး အမဲသားပေါ် သုတ်လိမ်းလိုက်ပါ။

၄။ ထို့နောက် အမဲသားများကို ဆန်မှုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၅။ ပန်းကန်လုံးတစ်လုံးထဲသို့ ကြက်ဥများ ဖောက်ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ မွှေခလောက်လိုက်ပါ။

၆။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အမဲသားပြားများကို ကြက်ဥထဲ ထည့်နှစ်ပြီးနောက် ဆီပူထဲထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၇။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

အမဲသားပြားများ အားလုံး ကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ အမဲသား ပန်ကိတ်ကြော်လေး ရရှိသွားပါပြီ။

Source: Maangchi.com