(Unicode)

စာဖတ်သူတို့အနေနဲ့ အရသာရှိတဲ့ ဘဲသားမှုန့်၊ ဆိတ်သားမှုန့်တွေကို ကြိုက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမဲသားမှုန့်ကိုလည်း ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၃ လုံး (ပြုတ်ထားပါ)နှင့် ကြက်ဥ အကာ ၁ လုံး၊ ကြက်ဥ အနှစ် ၂ လုံး
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် ၃၀၀ ဂရမ်

  • အမဲသား ၄၅၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ထောပတ် ၁၁၃ ဂရမ်
  • ခရင်မ်နွားနို့ ၂၅၀ မီလီလီတာ (နွေးနွေးလေးဖြစ်အောင် အပူပေးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂျုံသားပြုလုပ်ဖို့ရန်အတွက် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဂျုံမှုန့်များကို ဇလုံထဲထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ ထို့နောက် ထောပတ်ကို ဂျုံမှုန့်နဲ့ရောပြီး သမအောင် ထပ်နယ်ပေးလိုက်ပါ။ နွားနို့နှင့် ကြက်ဥအနှစ် ၁ လုံး ထည့်ပြီး ထပ်နယ်ပေးလိုက်ပါ။ ဂျုံလုံးကြီး ရသွားပါပြီး ပလစ်စတစ်အိတ်ဖြင့် ပတ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် ထည့်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်လိုက်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ အမဲသား၊ ငရုတ်သီးမှုန့်နှင့် ဆားတို့ထည့်ပြီး ၅ မိနစ်မှ ၈ မိနစ်ခန့်အထိ ကြော်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့အမဲသားကြော်ကို ဇလုံထဲပြောင်းထည့်ပြီးနောက် အအေးခံထားလိုက်ပါ။ အေးသွားပါက ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် ကြက်ဥပြုတ်တို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၄။ Oven ကို ၁၄၀ ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။ ဂျုံလုံးကို ဂျုံပြား ၈ ပြားရအောင် ဒလှိမ့်တုံးဖြင့် လှိမ့်ပေးလိုက်ပါ။ ထို့နောက် စက်ဝိုင်းပုံသဏ္ဍာန်ရအောင် ဓားဖြင့်ဖြတ်ထုတ်လိုက်ပါ။

၅။ ဂျုံမှုန့်ရဲ့အလယ်ဗဟိုတည့်တည့်ကို အမဲသားကြော်ထည့်ထားလိုက်ပါ။ ထို့နောက် ဂျုံဝိုင်းရဲ့ဘေးဘက်ကို ကြက်ဥအကာဖြင့် သုတ်ပေးလိုက်ပါ။

၆။ ထို့နောက် ဂျုံဝိုင်းကို ထက်ဝက်ပိတ်လိုက်ပြီးနောက် ခက်ရင်းဖြင့် အနားသားများကို ဖိထားလိုက်ပါ။

၇။ အမဲသားများ အားလုံးကို အစာသွပ်ပြီးနောက်မှာတော့ Oven ထဲထည့်မယ့် လင်ဗန်းပေါ်တင်ထားပြီးနောက် ကြက်ဥအနှစ်ဖြင့် သုတ်လိမ့်ပေးလိုက်ပါ။ ထို့နောက် Oven ထဲမှာ မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။

အချိန်ပြည့်တဲ့အခါမှာတော့ Oven ထဲက ထုတ်လိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားအစာသွပ်မှုန့်လေး ရရှိသွားပါပြီ။

Source: Asianfoodchannel.com

(Zawgyi)

စာဖတ္သူတို႔အေနနဲ႔ အရသာရွိတဲ့ ဘဲသားမႈန္႔၊ ဆိတ္သားမႈန္႔ေတြကို ႀကိဳက္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ အမဲသားမႈန္႔ကိုလည္း ႀကိဳက္ႏွစ္သက္ၾကမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ပါးပါးလွီးထားေသာ ၾကက္သြန္နီ စားပြဲတင္ဇြန္း ၁ ဇြန္း
  • ၾကက္သြန္ၿမိတ္ ၂ ပင္ (ပါးပါးလွီးထားပါ)
  • ၾကက္ဥ ၃ လံုး (ျပဳတ္ထားပါ)ႏွင့္ ၾကက္ဥ အကာ ၁ လံုး၊ ၾကက္ဥ အႏွစ္ ၂ လံုး
  • ငရုတ္သီးမႈန္႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
  • ဂ်ံဳမႈန္႔ ၃၀၀ ဂရမ္

  • အမဲသား ၄၅၀ ဂရမ္ (ႏုပ္ႏုပ္စဥ္းထားပါ)
  • ေထာပတ္ ၁၁၃ ဂရမ္
  • ခရင္မ္ႏြားႏို႔ ၂၅၀ မီလီလီတာ (ေႏြးေႏြးေလးျဖစ္ေအာင္ အပူေပးထားပါ)
  • ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၄ ဇြန္း
  • ဆားအနည္းငယ္

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ဂ်ံဳသားျပဳလုပ္ဖို႔ရန္အတြက္ ဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္းႏွင့္ ဂ်ံဳမႈန္႔မ်ားကို ဇလံုထဲထည့္ကာ သမေအာင္ ေမႊေပးလိုက္ပါ။ ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္ၿပီး ထပ္ေမႊေပးလိုက္ပါ။ ထို႔ေနာက္ ေထာပတ္ကို ဂ်ံဳမႈန္႔နဲ႔ေရာၿပီး သမေအာင္ ထပ္နယ္ေပးလိုက္ပါ။ ႏြားႏို႔ႏွင့္ ၾကက္ဥအႏွစ္ ၁ လံုး ထည့္ၿပီး ထပ္နယ္ေပးလိုက္ပါ။ ဂ်ံဳလံုးႀကီး ရသြားပါၿပီး ပလစ္စတစ္အိတ္ျဖင့္ ပတ္ထားၿပီးေနာက္ ေရခဲေသတၲာထဲတြင္ ၂ နာရီခန္႔ ထည့္ထားလိုက္ပါ။

၂။ ဒယ္အိုးကို အပူေပးၿပီး ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္လိုက္ပါ။ ဆီပူလာပါက ၾကက္သြန္နီ၊ အမဲသား၊ ငရုတ္သီးမႈန္႔ႏွင့္ ဆားတို႔ထည့္ၿပီး ၅ မိနစ္မွ ၈ မိနစ္ခန္႔အထိ ေၾကာ္ေပးလိုက္ပါ။

၃။ ရရွိလာတဲ့အမဲသားေၾကာ္ကို ဇလံုထဲေျပာင္းထည့္ၿပီးေနာက္ အေအးခံထားလိုက္ပါ။ ေအးသြားပါက ပါးပါးလွီးထားေသာ ၾကက္သြန္ၿမိတ္ႏွင့္ ၾကက္ဥျပဳတ္တို႔ထည့္ၿပီး သမေအာင္ ေမႊေပးလိုက္ပါ။

၄။ Oven ကို ၁၄၀ ဒီဂရီစင္တီဂရိတ္ျဖင့္ ႀကိဳတင္အပူေပးထားလိုက္ပါ။ ဂ်ံဳလံုးကို ဂ်ံဳျပား ၈ ျပားရေအာင္ ဒလွိမ့္တံုးျဖင့္ လွိမ့္ေပးလိုက္ပါ။ ထို႔ေနာက္ စက္ဝိုင္းပံုသ႑ာန္ရေအာင္ ဓားျဖင့္ျဖတ္ထုတ္လိုက္ပါ။

၅။ ဂ်ံဳမႈန္႔ရဲ႕အလယ္ဗဟိုတည့္တည့္ကို အမဲသားေၾကာ္ထည့္ထားလိုက္ပါ။ ထို႔ေနာက္ ဂ်ံဳဝိုင္းရဲ႕ေဘးဘက္ကို ၾကက္ဥအကာျဖင့္ သုတ္ေပးလိုက္ပါ။

၆။ ထို႔ေနာက္ ဂ်ံဳဝိုင္းကို ထက္ဝက္ပိတ္လိုက္ၿပီးေနာက္ ခက္ရင္းျဖင့္ အနားသားမ်ားကို ဖိထားလို္က္ပါ။

၇။ အမဲသားမ်ား အားလံုးကို အစာသြပ္ၿပီးေနာက္မွာေတာ့ Oven ထဲထည့္မယ့္ လင္ဗန္းေပၚတင္ထားၿပီးေနာက္ ၾကက္ဥအႏွစ္ျဖင့္ သုတ္လိမ့္ေပးလိုက္ပါ။ ထို႔ေနာက္ Oven ထဲမွာ မိနစ္ ၃၀ ခန္႔ ထည့္ထားလိုက္ပါ။

အခ်ိန္ျပည့္တဲ့အခါမွာေတာ့ Oven ထဲက ထုတ္လိုက္လို႔ရပါၿပီ။ ဒါဆိုရင္ေတာ့ အရသာရွိတဲ့ အမဲသားအစာသြပ္မႈန္႔ေလး ရရွိသြားပါၿပီ။

Source: Asianfoodchannel.com