အားလုံးပဲ မင်္ဂလာပါ။ တရုတ်ဟင်းလျာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ တရုတ်စတိုင်လ် ချက်ပြုတ်ထားတဲ့ ပျားရည်ဆော့စ် အမဲသားဟင်း ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • အမဲသား ၅၀၀ ဂရမ် (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • မြေပဲဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ခြမ်း (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး အသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ပျားရည်၊ ခရုဆီ၊ ဟင်းချက်ဝိုင်၊ ရေနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ကြက်သွန်နီထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။

၃။ ဆီသတ်ပြီးပြီဆိုရင်တော့ အမဲဉားထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် အမဲသားနှင့် ကြက်သွန်များကို ပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားပါ။

၄။ မီးအပူရှိန်ကို အနည်းငယ်လျော့ပြီးတဲ့နောက်မှာ အဆင့် (၁) က ပြုလုပ်ထားသော ဆော့စ်များ လောင်းထည့်ကာ ၁ မိနစ်ခန့် မွှေပေးလိုက်ပါ။

၅။ ဆော့စ်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ အမဲသားကြော်များနှင့် ကြက်သွန်များကို ဒယ်အိုးထဲ လောင်းထည့်ကာ ဆော့စ်နှင့် သမအောင် မွှေကြော်လိုက်ပါ။

၆။ ၁ မိနစ်ခန့် နှံ့စပ်အောင် မွှေကြော်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပျားရည်ဆော့စ် အမဲသားဟင်းလျာလေး ရရှိသွားပါပြီ။

Source: Recipetineats.com