အားလုံးပဲ မင်္ဂလာပါ။ အမဲသားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးမယ့် ဟင်းပွဲလေးကတော့ အမဲစဉ်းကောကြော်ဟင်းလျာလေးပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ငရုတ်ပွ အနီနှင့် အစိမ်း ၂ ခုစီ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • တရုတ်နံနံ လက်တစ်ဆုပ်စာခန့်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

Source: Mashed.com

  • အမဲသား ဝ.၅ ပေါင်ခန့် (အတုံးခပ်သေးသေး တုံးထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံစီ
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့််ဆင့်

၁။ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်နှင့် ဟင်းချက်ဝိုင်တို့ကို သမအောင် ရောမွှေထားပြီးနောက် အမဲသားတုံးကို ထိုအရောအနှောဖြင့် နယ်ထားလိုက်ပါ။ ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ထားပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ကာ ၃ မိနစ်ခန့် ဆီသတ်လိုက်ပါ။ ကြက်သွန်နီက နူးအိသွားပြီး အညိုရောင်ပြောင်းသွားပါက ပန်းကန်ထဲသို့ ဆယ်ယူထားလိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ကာ အပူပေးထားလိုက်ပါ။ ဆီပူလာပါက အမဲသားတုံးများထည့်ကာ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ အမဲသားတုံးများ ကျက်သွားပါက ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်ပွတို့ထည့်လိုက်ပါ။ ထို့နောက် ဆား၊ သကြားနှင့် ခရုဆီတို့ထည့်ပြီး ၄ မိနစ်ခန့် သမအောင် ကြော်ပေးလိုက်ပါ။

၅။ ငရုတ်ပွများ နူးအိသွားပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ကာ တရုတ်နံနံလေး ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားစဉ်းကောကြော်လေး ရရှိသွားပါပြီ။

Source: Spicetheplate.com