အားလုံးပဲ မင်္ဂလာပါ။ အသားဟင်းအမျိုးမျိုးရှိသည့်အနက် အမဲသားဟင်းလျာကိုမှ ကြိုက်နှစ်သက်သူများအတွက် အမဲသား ငရုတ်ပွ ရောကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်ပွ အနီတစ်ခြမ်းနှင့် အစိမ်းတစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ဂျင်းပြား ၃ ပြား၊ ၄ ပြားခန့်
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • အမဲသား ဝ.၅ ပေါင် (အနေတော် အတုံး တုံးထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို အနေတော် အတုံးငယ်များ တုံးထားပြီးနောက် ဟင်းသီးဟင်းရွက်ဆီ၊ သကြား၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ ပြောင်းမှုန့်တို့ဖြင့် သမအောင် ရောနယ်ပြီးနောက် ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားလိုက်ပါ။ ဆီပူလာပါက ဂျင်းပြားထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ထားလိုက်ပါ။

၃။ (၁) မိနစ်၊ (၂) မိနစ်ခန့် ကြာတဲ့အခါမှာတော့ အမဲသားထည့်ကာ နူးအိသွားသည်အထိ ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ခရုဆီထည့်ကာ ၂ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၅။ ပြီးရင်တော့ ငရုတ်ပွများထည့်ကာ ၁ မိနစ်၊ ၂ မိနစ် ထပ်ကြော်ပေးရပါမယ်။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ အမဲသား ငရုတ်ပွကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Spicetheplate.com