(Unicode)
အကြော်အလှော်ဟင်းလျာတွေကို ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အမဲသားနဲ့ ကြက်ဥရောကြော်ထားတဲ့ ဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၃ လုံး
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
- ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်
- ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဇွန်း
- အမဲသား ၁၀၀ ဂရမ်
- ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်
ကြက်ဥမွှေခလောက်ဖို့ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ
- ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- တရုတ်ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဝက်
- ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အမဲသားတုံးများကို အနေတော်အတုံး တုံးထားပြီးနောက် ဆား၊ ပဲငံပြာရည်အကြည်၊ ဟင်းချက်ဝိုင်တို့ဖြင့် နယ်ဖတ်ထားလိုက်ပါ။ ထို့နောက် ပြောင်းမှုန့်နှင့် ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့် ထပ်ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။ အသားထဲစိမ့်ဝင်သွားဖို့ရန်အတွက် ၁၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။ အမဲသား ကြော်ခါနီးကျမှ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ထပ်နယ်ပေးရပါမယ်။
၂။ ပန်းကန်လုံးတစ်လုံးထဲသို့ ကြက်ဥများ ဖောက်ထည့်လိုက်ပြီး ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အကြည်၊ ဟင်းချက်ဝိုင်နှင့် ဆားတို့ထည့်ပြီး သမအောင် ခပ်ပြင်းပြင်းလေး မွှေခလောက်ထားလိုက်ပါ။
၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပေးလိုက်ပါ။ ဆီပူလာပါက အမဲသားတုံးများထည့်ကြော်ပေးလိုက်ပါ။
၄။ အမဲသားတုံးများ အရောင်ပြောင်းသွားပါက မွှေခလောက်ထားသော ကြက်ဥများကို အိုးထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် အမဲသားဖြင့် ရောကြော်ပေးရပါမယ်။
ကြက်ဥ မကျက်တကျက်အချိန်မှာ အမဲသားကြော်များကို အိုးထဲမှ ဆယ်ယူပြီး ပန်းကန်ထဲ ပြောင်းထည့်ထားလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားကြက်ဥမွှေကြော် ဟင်းလျာလေး ရရှိသွားပါပြီ။
ထမင်းနဲ့ အရသာရှိရှိ သုံးဆောင်လိုက်ပါ။
Source: Chinasichuanfood.com
(Zawgyi)
အေၾကာ္အေလွာ္ဟင္းလ်ာေတြကို ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ အမဲသားနဲ႔ ၾကက္ဥေရာေၾကာ္ထားတဲ့ ဟင္းလ်ာ ခ်က္ျပဳတ္ျပင္ဆင္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ၾကက္ဥ ၃ လံုး
- ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၃ ဇြန္း
- ေျပာင္းမႈန္႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
- ငရုတ္ေကာင္းမႈန္႔ႏွင့္ ဆားအနည္းငယ္
- ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း တစ္ဇြန္း
- အမဲသား ၁၀၀ ဂရမ္
- ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း တစ္ဝက္
ၾကက္ဥေမႊခေလာက္ဖို႔ရန္အတြက္ လိုအပ္ေသာပါဝင္ပစၥည္းမ်ား
- ပဲငံျပာရည္ အၾကည္ စားပြဲတင္ဇြန္း တစ္ဝက္
- ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံု
- တရုတ္ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း တစ္ဝက္
- ဆား လက္ဖက္ရည္ဇြန္း ၈ ပံု ၁ ပံု
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ အမဲသားတံုးမ်ားကို အေနေတာ္အတံုး တံုးထားၿပီးေနာက္ ဆား၊ ပဲငံျပာရည္အၾကည္၊ ဟင္းခ်က္ဝိုင္တို႔ျဖင့္ နယ္ဖတ္ထားလိုက္ပါ။ ထို႔ေနာက္ ေျပာင္းမႈန္႔ႏွင့္ ေရ လက္ဖက္ရည္ဇြန္း ၂ ဇြန္းခန္႔ ထပ္ထည့္ၿပီး သမေအာင္ နယ္ေပးလိုက္ပါ။ အသားထဲစိမ့္ဝင္သြားဖို႔ရန္အတြက္ ၁၅ မိနစ္ခန္႔ စိမ္ထားလိုက္ပါ။ အမဲသား ေၾကာ္ခါနီးက်မွ ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းျဖင့္ ထပ္နယ္ေပးရပါမယ္။
၂။ ပန္းကန္လံုးတစ္လံုးထဲသုိ႔ ၾကက္ဥမ်ား ေဖာက္ထည့္လိုက္ၿပီး ငရုတ္ေကာင္းမႈန္႔၊ ပဲငံျပာရည္အၾကည္၊ ဟင္းခ်က္ဝိုင္ႏွင့္ ဆားတို႔ထည့္ၿပီး သမေအာင္ ခပ္ျပင္းျပင္းေလး ေမႊခေလာက္ထားလိုက္ပါ။
၃။ ဒယ္အိုးကို အပူေပးၿပီး ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္ေပးလိုက္ပါ။ ဆီပူလာပါက အမဲသားတံုးမ်ားထည့္ေၾကာ္ေပးလိုက္ပါ။
၄။ အမဲသားတံုးမ်ား အေရာင္ေျပာင္းသြားပါက ေမႊခေလာက္ထားေသာ ၾကက္ဥမ်ားကို အိုးထဲသို႔ ေလာင္းထည့္လိုက္ပါ။ ထို႔ေနာက္ အမဲသားျဖင့္ ေရာေၾကာ္ေပးရပါမယ္။
ၾကက္ဥ မက်က္တက်က္အခ်ိန္မွာ အမဲသားေၾကာ္မ်ားကို အိုးထဲမွ ဆယ္ယူၿပီး ပန္းကန္ထဲ ေျပာင္းထည့္ထားလိုက္ပါ။
ဒါဆိုရင္ေတာ့ အရသာရွိတဲ့ အမဲသားၾကက္ဥေမႊေၾကာ္ ဟင္းလ်ာေလး ရရွိသြားပါၿပီ။
ထမင္းနဲ႔ အရသာရွိရွိ သံုးေဆာင္လိုက္ပါ။
Source: Chinasichuanfood.com