ဟင်းချက်ရာမှာ ဘီယာက ဘယ်လိုအကူအညီပေးနိုင်သလဲဆိုတာ စာဖတ်သူတို့ သိပြီးကြပြီလား။

ဘီယာအနည်းငယ် အသုံးပြုပြီး ဝက်သား၊ အမဲသား၊ ကြက်သား စတဲ့ အသားတွေကို နာရီပိုင်းခန့် စိမ်ထားပေးမယ်ဆိုရင် အသားက နူးအိလွယ်ပြီး စားရတာ ပိုအရသာရှိပါတယ်။

ကြက်သားကြော် ကြော်တဲ့အခါ ကြက်သား အိအိလေး စားချင်သူများအတွက် ဘီယာမုန့်နှစ်အသုံးပြုကာ ကြော်ထားတဲ့ ဟင်းချက်နည်းကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ အကြီး ၁ လုံး
  • ဘီယာ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဘက်စုံသုံး ဂျုံမှုန့် ၁၂၈ ဂရမ်
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်ရင်အုံသား ၃ တုံး (အရိုးနှင့် အရေခွံတို့ိကို ဖယ်ရှားထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂၀ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီး တစ်လုံးတွင် ကြက်ဥကို မွှေခလေက်ထားပါ။ ထို့နောက် ဘီယာ၊ ဂျုံမှုန့်၊ မုန့်ဖုတ်ဆိုဒါ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်လုံးကို အဖုံးအုပ်ကာ ၂၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ကြက်ရင်အုံသားကို အလယ်တည့်တည့်ကနေ ထက်ခြမ်း ခြမ်းလိုက်ပါ။ ကြက်သားတုံးက အရမ်းကြီးနေတယ်ဆိုရင်တော့ သုံးပိုင်း (သို့) လေးပိုင်း ပိုင်းနိုင်ပါတယ်။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ကြက်သားတုံးများကို ဘီယာမုန့်နှစ်ထဲ ထည့်နှစ်လိုက်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ကြက်သားတုံးက ရွှေညိုရောင် ပြောင်းသွားပါက အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဘီယာမုန့်နှစ် ကြက်သားကြော်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com