အားလုံးပဲ မင်္ဂလာပါ။ ချိစ်အရသာလေး စိမ့်ဝင်နေတဲ့ ကြက်သားကြော်လေးကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ချိစ်အစာသွပ် ကြက်သားလုံးကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၅၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥအနှစ် ၁ လုံး
  • ပါးါပးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်နှင့် ဆား အနည်းငယ်
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြော်ရန်ဆီ
  • Mozzarella ချိစ် (လေးထောင့်အတုံးငယ် တုံးထားလိုက်ပါ)

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ ကြက်ဥအကာ ၁ လုံးနှင့် အကြော်ခံပေါင်မုန့်အမှုန်များ စားပွဲတင်ဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော ကြက်သား၊ ကြက်ဥအနှစ်၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၂။ ထို့နောက် ဂျုံမှုန့်ထည့်ကာ သမအောင် ထပ်နယ်ပေးလိုက်ပါ။

၃။ နယ်ပြီးသား ကြက်သားကို စားပွဲတင်ဇွန်း ၂ ဇွန်းစာခန့် ခပ်ယူပြီးနောက် လုံးလိုက်ပါ။ ထို့နောက် လက်ဖဝါးဖြင့် ပြားအောင် ဖိပြီးနောက် ချိစ်တုံးတစ်တုံးကို အလယ်တည့်တည့်တွင် ထည့်ပါ။ ပြီးမှ ကြက်သားကို နဂိုမူလအတိုင်း ပြန်လုံးပေးလိုက်ပါ။

နယ်ထားသော ကြက်သားနှင့် ချိစ်များ ကုန်သွားသည်အထိ ပြုလုပ်ပေးရပါမယ်။

၄။ ရရှိလာတဲ့ ကြက်သားလုံးများကို မကြော်ခင်မှာ ရေခဲသေတ္တာထဲတွင် ၁၅ မိနစ်ခန့် အရင် အအေးခံထားလိုက်ပါ။

၅။ ပြီးမှ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားလုံး တစ်လုံးချင်းစီကို ပြောင်းမှုန့်ဖြင့် ကပ်ပါ။ ကြက်ဥအကာထဲ ထည့်နှစ်ပါ။ ထို့နောက် အကြောခံပေါင်မုန့်ဖြင့် ထပ်ကပ်ပေးလိုက်ပါ။

ပြီးမှ ဆီပူထဲ ထည့်ကြော်ရပါမယ်။

၆။ ကြက်သားလုံးများကို ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပြီးတဲ့နောက်မှာတော့ ပန်းကန်လုံးထဲ ဆယ်ထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်အစားသွပ် ကြက်သားလုံးကြော်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Funfoodfrolic.com