Hot Chocolate ပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်းများများစားစား မလိုအပ်ပါဘူး။ နွားနို့၊ သကြားနဲ့ ချောကလက် စတဲ့ ပါဝင်ပစ္စည်း (၃) မျိုးတည်း ရှိရုံနဲ့တင် လုံလောက်ပါပြီ။

ပါဝင်ပစ္စည်းများ

  • နွားနို့ ဖန်ခွက် ၁ ခွက်စာ (စားပွဲတင်ဇွန်း ၁၆ ဇွန်း)
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ချောကလက် ၂ အောင်စ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒန်အိုး အလတ်ဆိုဒ်တစ်လုံးကို မီးဖိုပေါ်တွင် တင်ထားပြီး အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးထားပါ။ သကြားနှင့် နွားနို့တို့ထည့်ပြီးနောက် သကြားများ ပျော်သွားသည်အထိ မွှေပေးလိုက်ပါ။

၂။ နွားနို့ တည်ထားတဲ့အချိန်မှာ ချောကလက်များကို ဓားဖြင့် လှီးဖြတ်ထားလိုက်ပါ။

၃။ ရရှိလာတဲ့ ချောကလက်အမှုန်များကို အပူဒဏ်ခံနိုင်သော ပန်းကန်လုံးထဲထည့်ပြီးနောက် မိုက်ခရိုဝေ့ဖ်ထဲတွင် စက္ကန့် ၃၀ ခန့် အပူပေးလိုက်ပါ။ စက္ကန့် ၃၀ ပြည့်သွားတဲ့အခါ ချောကလက်များ အရည်ပျော်သွားပါလိမ့်မယ်။

၄။ နွားနို့ရဲ့ အပူချိန်က ၁၈၀ ဒီဂရီဖာရင်ဟိုက်အထိ ရောက်သွားပြီဆိုရင်တော့ မီးပိတ်ကာ ချောလက်ရည်များ လောင်းထည့်လိုက်ပါ။

(သာမိုမီတာတိုင်းတံ မရှိလည်း ကိစ္စမရှိပါဘူး။ နွားနို့ရဲ့ မျက်နှာပြင်က ပွက်ပွက်ဆူနေတဲ့အထိ စောင့်စရာမလိုဘဲ ပူစီဖောင်း သေးသေးလေးတွေ ထလာပြီဆိုတာနဲ့ မီးပတ်လိုက်လို့ရပါပြီ။)

၅။ နွားနို့နဲ့ ချောကလက်ရည်များ ရောနှောသွားသည်အထိ မွှေပေးလိုက်ပါ။ စာဖတ်သူအနေနဲ့ ဒီ့ထက်အရသာပိုရှိချင်တယ်ဆိုရင် Vanilla Extract တစ်စက်၊ နှစ်စက်ခန့် ထည့်ပေးလို့လည်းရပါတယ်။

၆။ ရရှိလာတဲ့ ချောကလက်ပူကို ဖန်ခွက်ထဲ လောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ Hot Chocolate ဖျော်ရည်လေး ရရှိသွားပါပြီ။ ခရင်မ်အနည်းငယ် (သို့) Marshmallows အနည်းငယ်ထည့်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source : Fifteenspatulas.com