မင်္ဂလာပါနော်။ အားလပ်ရက်မှာ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ချက်စားရအောင်။
ပါဝင်ပစ္စည်း
- ပါစတာခေါက်ဆွဲ (သို့) စပါဂတီခေါက်ဆွဲ
- ပင်လယ်စားများ (မိမိကြိုက်နှစ်သက်ရာ ပုစွန်၊ ပြည်ကြီးငါးစသည်)
- ခရမ်းချဉ်သီး ၁ လုံး အတုံးသေးသေးလှီးပါ
- ကြက်သွန်နီ ၁ လုံး အတုံးသေးသေးလှီးပါ
- ကြကသွန်ဖြူ ၃ မွှာ အတုံးသေးသေးလှီးပါ
- ခရမ်းချဉ်သီး အနှစ် အနည်းငယ်
- ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
- ဟင်းခတ်အမွှေးအကြိုင် အနည်းငယ် (မိမိကြိုက်နှစ်သက်ရာ ငရုတ်ကောင်း၊ နံနံပင်စသည်)
ပြုလုပ်နည်း
အရင်ဆုံး ဆီကို အပူပေးလိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပင်လယ်စာ ထည့်ပြီး ကြော်ပေးလိုက်ပါ။ ပြီးရင် ရေ နည်းနည်းထည့်ပြီး ၇ မိနစ် ၈ မိနစ်လောက်ချက်ပါ။
အဲဒီနောက် ခရမ်းချဉ်သီးဆော့လ်ကို အပေါ်ကနေ လောင်းထည့်လိုက်ပါ။
မိမိကြိုက်နှစ်သက်တဲ့ ဆား၊ နံနံပင်၊ ငရုတ်ကောင်း စတဲ့ ဟင်းခတ်အမွှေးအကြိုင်ထည့်နိုင်ပါတယ်။
စပါကတီခေါက်ဆွဲကို ရေနွေးနဲ့ ပြုတ်လိုက်ပါ။ အဲဒီအထဲကို ဆား နည်းနည်းထည့်ပါ။ ၇ မိနစ်ကနေ ၉ မိနစ်အထိပြုတ်ပါ။
ခေါက်ဆွဲအသား အနေတော်ဖြစ်ပြီဆိုရင် မီးဖိုပေါ်ကချလိုက်ပြီး ရေဆစ်ချလိုက်ပါ။ ပြီးရင် ရေအေးအေးနဲ့ တစ်ခါ ထပ်ဆေးလိုက်ပါ။
ပြီးရင်တော့ စောစောကချက်ထားတဲ့ ပင်လယ်စာကို အပေါ်ကလောင်းလိုက်ပြီးစားသုံးလို့ရပါပြီနော်။