အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဘေဂျင်းစတိုင်လ် အမဲသားအစပ်ဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (အနေတော် လှီးဖြတ်ထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ Ketchup စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ငရုတ်ပွအနီ တစ်ခြမ်း (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အမဲသား၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်လိုက်ပါ။

၂။ အခြားပန်းကန်လုံးအသေးတစ်လုံးထဲတွင် ရှာလကာရည်၊ Ketchup ၊ သကြားနှင့် ခရုဆီတို့ထည့်ကာ သမအောင် မွှေပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အမဲသားများကို ပဲငံပြာရည်အနှစ်များ မပါစေဘဲ အသားတုံးတစ်တုံးချင်းစီ ခပ်ယူပြီး ဆီထဲတွင် ၆ မိနစ်၊ ၇ မိနစ်ခန့် ကြော်လိုက်ပါ။

ကြော်ပြီးသား အမဲသားများကို ပန်းကန်ထဲ ပြောင်းထည့်ထားလိုက်ပါ။

၄။ တစ်ဖန် ဒယ်အိုးထဲတွင် ဆီအများကြီးကျန်ခဲ့ပါက ပန်းကန်လုံးအသေးထဲသို့ ဆီများကို ခပ်ထုတ်လိုက်ပါ။ ဒယ်အိုးထဲတွင် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းခန့်သာ ချန်ခဲ့ပါ။

၅။ ထို့နောက် ဆီပူထဲသို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်ပွတို့ထည့်ကာ တစ်မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ဆော့စ်များ လောင်းထည့်ကာ စက္ကန့် ၃၀ ခန့် တည်ပါ။ ထို့နောက် အမဲသားကြော်များ လောင်းထည့်ကာ သမအောင် မွှေကြော်ပါ။

အားလုံးသမသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဘေဂျင်းစတိုင်လ် အမဲသားအစပ်ဟင်းတစ်ခွက် ရရှိသွားပါပြီ။

Source: Seonkyounglongest.com