အားလုံးပဲမင်္ဂလာပါနော်။ ကိုရီးယားထမင်းသုပ်က ကိုရီးယားနိုင်ငံမှာ နာမည်ကျော်ပြီး လူကြိုက်များတဲ့အစားအစာဖြစ်ပါတယ်။ လူတိုင်းလည်းစားသုံးကြသလို နှစ်သက်ကြတဲ့အစားအစာတစ်ခုဖြစ်ပြီး ကိုရီးယားနိုင်ငံမှာ ဝယ်စားမယ်ဆိုရင် လည်း ရှာစားရမခက်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

အသားကြော်ရန်

  • အမဲသား (သို့) မိမိနှစ်သက်ရာအသား တောက်တောက်စဉ်း (၁၀၀ ဂရမ်)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ အနည်းငယ်

အသီးအရွက် နှင့်တခြားပါဝင်ပစ္စည်းများပြင်ဆင်ရန်

  • ဟင်းနုနွယ်ရွက်
  • ပဲပင်ပေါက်
  • မှို
  • မုန်လာဥနီ
  • ထမင်းဖြူ ၃ ယောက် ၄ ယောက်စာ

  • ကြက်ဥ ၃ လုံး ၊ ၄ လုံး
  • ဟင်းချက်ဆီ
  • ရေညှိ
  • ဆား

ဆော့စ်လုပ်ရန်

  • ဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေစားပွဲတင်ဇွန်း ၁ ဇွန်း

  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ တောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို အောက်ပါအတိုင်းချက်ပြုတ်ပါ။

အသားချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေနဲ့ အသားကိုသေချာနှယ်ပြီး မီးပြင်းပြင်းနဲ့ ကြော်လိုက်ပါ။

ဆော့စ်လုပ်ဖို့အပေါ်မှာ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေအတိုင်း ရောပေးလိုက်ပါ။

ဟင်းနုနွယ်၊ ပဲပင်ပေါက်တွေကို ပြုတ်လိုက်ပါ။

မုန်လာဥနီကို ဆီနည်းနည်းနဲ့ ကြော်လိုက်ပါ။ မှိုကိုလည်း ကြော်လိုက်ပါ။

ကြက်ဥကို ကြော်လိုက်ပါ။

ပြီးရင်တော့ ပန်းကန်ထဲမှာ ပါဝင်ပစ္စည်းတွေအားလုံးကိုထည့်ပြီး နယ်ဖတ်လို့ စားသုံးနိုင်ပါပြီ။

ပူပူလေးစားရင် ပိုအရသာရှိတယ်နော်။

Source: www.mykoreankitchen.com