ပါဝင်ပစ္စည်းများ

ထမင်း

ခရမ်းချဉ်သီး ငပိချက် (မနက်ကချက်)

ငပိရည်

ကြက်အူချောင်း

ကြက်သလုံး

ပဲပြားအချိုကြော်

တို့စရာအစုံ (သခွားသီး ၊ ခရမ်းသီးပြုတ်၊ သရက်ရေစိမ်၊ ကြက်သွန်နီတလုံး)

ပြုလုပ်ပုံ

ဇလုံကြီးးထဲမှာ ထမင်းထည့်ပြီး မနက်ကချက်တဲ့ ခရမ်းချဉ်သီး ငပိချက် များများရယ်၊ ငပိရည်ရယ်၊ သေချာနယ်ပါ။

ပြီးလျင် ကြက်အူချောင်း၊ ကြက်သလုံး၊ ပဲပြားအချိုကြော်လေးကိုပုံပြီး၊ တို့စရာအစုံ၊ သခွားသီး၊ ခရမ်းသီး ပြုတ်၊ သရက်ရေစိမ်၊ ကြက်သွန်နီ တလုံးနဲ့ ဇွန်းရတဲ့သူက မေ့ချင်ယောင် ဆောင်ပြီး ပြန်မပေးတော့ဘဲ အယ့်လို လုစားကြပါတယ်။ သောက်ရေမတ်ခွက်ကြီး အပြည့်ထည့်ပြီး ရေသောက်လိုက်၊ စားလိုက်နဲ့ ရှုးရှဲ ရှုးရှဲပေါ့။

Credit: Ohnmar Kyi