အားလုံးပဲ မင်္ဂလာပါ။ ထမင်းသုပ် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကြက်သားနဲ့ အရသာရှိရှိ သုပ်ထားတဲ့ ကြက်သားထမင်းသုပ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၂ တုံး
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ

  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင်
  • ထမင်း
  • ဆလပ်ရွက် ၃ ရွက်
  • မိမိကြိုက်နှစ်သက်ရာအခြားဟင်းသီးဟင်းရွက်များ (ပြုတ်ထားပါ)

ဆော့စ်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၆ ဇွန်း
  • ကြက်ပြုတ်ရည် (သို့) ရေ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူ ၁ မြွှာ (ဓားပြားရိုက်ထားပါ)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို အနေတော်အတုံး လှီးဖြတ်ထားပါ။ ထို့နောက် ပဲငံပြာရည်၊ နှမ်းဆီ၊ သကြား၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် နယ်ထားပါ။

၂။ ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများအားလုံး (ကြက်သွန်မြိတ်မှလွဲ၍)ကို သမအောင်နယ်ပါ။ ပြီးမှ ကြက်သွန်မြိတ်များ ဖြူးထည့်ကာ သမအောင် ထပ်မွှေပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ထို့နောက် ကြက်သားများ အညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၄။ ဆလပ်ရွက်များကို ရေဆေးသန့်စင်ပြီးနောက် အနေတော်အရွယ်အစား လှီးဖြတ်ထားပါ။ ထို့နောက် ပန်းကန်ပြားထဲထည့်ပါ။

၅။ ကြက်သားကြော်များကို ဆလပ်ရွက်ပေါ် ပုံထည့်ထားပါ။ ထို့နောက် ထမင်းများကို ကြက်သားဘေးနားပုံထားပါ။ မိမိကြိုက်နှစ်သက်ရာ အခြားဟင်းရွက်ပြုတ်များနဲ့ စီစီရီရီ ပုံထားလိုက်တဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်သားထမင်းသုပ်လေး ရရှိသွားပါပြီ။

Source: Cookpad.com