အားလုံးပဲ မင်္ဂလာပါ။ ရှူးရှဲအစပ်အရသာကိုမှ နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် ထမင်းကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၂ လုံးစာ
  • ပုစွန် ၂၀၀ ဂရမ် (အခွံခွာပြီး ရေဆေး သန့်စင်ထားပါ)
  • ကြက်ဥပြုတ် ၂ လုံး (၈ စိပ် စိပ်ထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)

  • ငရုတ်သီးတောင့် ၃ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ကာ စက္ကန့် ၂၀ ခန့် ဆီသတ်ပါ။ ထို့နောက် ကြက်သွန်နီထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။

၂။ နောက်တစ်ဆင့်မှာတော့ ငရုတ်နှစ်ထည့်ကာ ငရုတ်နှစ်များ ပျော်သွားသည်အထိ မွှေပါ။ ထို့နောက် ပုစွန်ထည့်ကာ စက္ကန့် ၂၀ ခန့် သမအောင် မွှေပါ။ တစ်ဖန် ထမင်းများအားလုံး လောင်းထည့်ကာ ကြော်ပေးလိုက်ပါ။

၃။ တစ်မိနစ်ခန့် သမအောင် ကြော်ပြီးနောက်မှာတော့ ကြက်ဥပြုတ် တစ်ဝက်ခန့်ထည့်ပါ။ ငါးငံပြာရည်၊ ငရုတ်သီး၊ သကြားနှင့် ကြက်သွန်ြျွိတ်တို့ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေကြော်ပါ။

အရသာအပေါ့အငန် မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာတော့ ထမင်းကြော် စပ်စပ်လေး ရရှိသွားပါပြီ။

ပန်းကန်ပြားထဲထည့်ကာ ကျန်ရှိနေသော ကြက်ဥပြုတ်များဖြင့် အလှဆင်ကာ အားရပါးရ သုံးဆောင်နိုင်ပါပြီ။

Source: Siamsizzles.com