အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ကြွပ်ကြွပ်ရွရွလေးနဲ့ စားကောင်းတဲ့ ဝက်သားလုံး ကြွပ်ကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Cheddar ချိစ် ပန်းကန်လုံး ၁ လုံးစာ (အချောင်းလိုက် လှီးထားပါ)
  • ခရင်မ်ချိစ် ၈ အောင်စ
  • ဝက်သား ၁ ပေါင် (နုပ်နပ်စဉ်းထားနိုင်သလို အသားကြိတ်စက်ဖြင့် ကြိတ်ထားလိုက်ပါ)
  • မုန့်ဖုတ်ရန်အတွက် ဘီစကစ်မုန့်အကြေအစများ (သို့) အကြော်ခံပေါင်မုန့်အကြေအစများ
  • နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၃၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် အပူပေးထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် Cheddar ချိစ်၊ ခရင်မ်ချိစ်၊ ဝက်သား၊ ဘီစကစ်မုန့် (သို့) အကြော်ခံပေါင်မုန့်၊ နွားနို့၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ ထည့်ကာ သမအောင် ရောနယ်ထားလိုက်ပါ။

၃။ ထို့နောက် နယ်ထားသော ဝက်သားကို စားပွဲတင်ဇွန်း ၁ ဇွန်းစာဖြင့် ခပ်ယူပြီး လုံးပေးလိုက်ပါ။ ထို့နောက် ဆီစုပ်စက္ကူခံထားသော လင်ဗန်းပေါ် တင်ထားလိုက်ပါ။ ဝက်သားလုံးများကို တစ်လုံးနဲ့ တစ်လုံး ခွာပေးထားရပါမယ်။

၄။ ထို့နောက် Oven ထဲထည့်ကာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် အပူပေးလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားလုံးကြွပ်ကြော်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com