ပါဝင်ပစ္စည်းများ
- အမဲမိုးခိုသား
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ကြက်သွန်မြိတ်
- ချင်း
- ခရုဆီ
- ပဲငံပြာရည်(အချို)
- ဆန်အရက်
- နှမ်းဆီမွှေး
- သံလွင်ဆီ
ပြုလုပ်နည်း
- အမဲမိုးခိုသားကို ပါးပါးလှီးပြီး သံပရာသီး၊ ဆား ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ ပဲငံပြာရည် (အချို)၊ နှမ်းဆီမွှေးတို့ဖြင့် အရသာသွင်းပါ။
- ကြက်သွန်နီ၊ ကြက်သွန်ဖြူမြိတ်၊ ချင်း၊ ကြက်သွန်ဖြူ တို့ကို လှီးပါ။
- ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို သံလွင်ဆီဖြင့် ဆီသတ်ပါ။
- အမဲမိုးခိုသားကျင်လျှင် ငရုတ်ကောင်း၊ ခရုဆီ၊ ပဲငံပြာရည် (အချို)၊ ဆန်အရက်၊ နှမ်းဆီမွှေးနှင့် ကြက်သွန်မြိတ်ထည့်ပါ။