အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ငရုတ်ပွ အမဲသားဟင်း ချက်ပြုတ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ငရုတ်ပွအစိမ်း (အထဲမှ အစေ့များကို ဖယ်ရှားပြီး လေးထောင့်အတုံးငယ် တုံးထားပါ)

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားတုံးများကို လက်မဝက်အထူ လှီးဖြတ်ထားပါ။ ထို့နောက် ပန်းကန်လုံးအကြီး ထဲထည့်ကာ ပြောင်းမှုန့်၊ ပဲငံပြာရည်၊ ခရုဆီ၊ ဟင်းချက်ဝိုင်တို့ဖြင့် သမအောင် ရောနယ်လိုက်ပါ။ ထို့နောက် ၁၅ မိနစ်ခန့် သိပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူက အညိုရောင် ပြောင်းသွားပါက ကြက်သွန်နီနှင့် ငရုတ်ပွများ ထည့်ကာ သမအောင် မွှေပါ။

၃။ ငရုတ်ပွများ မကျက်တကျက်အချိန်မှာ အမဲသားတုံးများထည့်ပြီး သမအောင် မွှေကြော်လိုက်ပါ။ အမဲသားရော ငရုတ်ပွပါ ကျက်သွားသည်အထိ မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးထည့်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ လိုအပ်ပါက ပဲငံပြာရည် (သို့) ဆားအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ငရုတ်ပွ အမဲသားဟင်းလေး ရရှိသွားပါပြီ။

Source: Kirbiecravings.com