စားသောက်ဆိုင်တွေမှာ အမဲသားစတိပ်စားတဲ့အခါ၊ ငါးအသားလွှာစားတဲ့အခါ အရသာကောင်းသလောက်လည်း ဈေးကြီးပေးဝယ်စားရပါတယ်။ ကိုယ့်အိမ်မှာ ကိုယ့်ဘာသာလုပ်စားပြီး စားသောက်ဆိုင်မှာ စားသလိုမျိုး ဇိမ်မခံချင်ကြဘူးလား။

ပါဝင်ပစ္စည်းများ

  • အရိုးနွှင်ပြီးသား ဆော်လမွန်ငါး
  • သံလွင်ဆီ
  • ဆားအနည်းငယ်
  • သံပုရာသီး

ငါးကင်တဲ့အခါ သုတ်လိမ်းရန်အတွက် အချဉ်အစပ်အမှုန့်များ

  • ငရုတ်သီးအရောင်တင်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားအညို စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ငရုတ်ကောင်းမှုန့်နဲ့ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ

ပြုလုပ်နည်းအဆင့်ဆင့်

သုတ်လိမ်းရန်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းအားလုံးကို ရောမွှေထားလိုက်ပါ။ Oven ကို အပူချိန် ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

ထို့နောက် ကင်မယ့်လင်ဗန်းထဲသို့ ဆော်လမွန်ငါးထည့်ပြီး ငါးကို သံလွင်ဆီ သုတ်လိမ်းလိုက်ပါ။ တစ်ဆက်တည်းမှာပဲ စောစောက ပြင်ဆင်ထားသော အမှုန့်များကို ငါးပေါ်မှာ ဖြူးပေးလိုက်ပါ။ နှစ်ခြမ်းစလုံးဖြူးပေးရပါမယ်။

ထို့နောက် Oven ထဲတွင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ထားလိုက်ပါ။ (Oven ထဲ မထည့်ဘဲ ဒယ်အိုးထဲ ထည့်ကြော်ရင်လည်း ရပါတယ်။ ၅ မိနစ်၊ ၆ မိနစ်ခန့် ကြော်ပေးရပါမယ်။) အချိန်ပြည့်တဲ့အခါ Oven ထဲကထုတ်ပြီး သံပုရာသီးအနည်းငယ်ညှစ်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Picturetherecipe.com