အားလုံးပဲ မင်္ဂလာပါ။ Smoothie ဆိုတာက သဘာဝကရတဲ့ အသီးအနှံတွေနဲ့ ပြုလုပ်ရတာဖြစ်တာကြောင့် ကိုယ်အလေးချိန်လျော့ချနေသူများသောက်သုံးပေးကြသလို ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

မနက်ခင်းမှာ မနက်စာကို ပေါ့ပေါ့ပါးပါးပဲ စားချင်တယ်ဆိုသူများအတွက် လိုက်ဖက်မယ့် Smoothie လုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးခပ်ကြီးကြီး – ၁ လုံး
  • ဘလူးဘယ်ရီသီး – ၁ ခွက် (အေးခဲပြီးသား)
  • သံပုယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်း
  • နို့ – ၁ ခွက်
  • ကြက်ဥ – ၁ လုံး

ပြင်ဆင်ပုံအဆင့်ဆင့်

၁။ ငှက်ပျောသီးတွေကို ၃- ၄ စိတ်ရအောင်လှီးလိုက်ပါ။

၂။ ပြီးရင် ငှက်ပျောသီးနှင့်အတူ အခြားပါဝင်ပစ္စည်းအကုန်လုံးကို ကြိတ်စက်ထဲမှာရောထည့်လိုက်ပါ။

၃။ အားလုံးကြေသွားပြီး ပျစ်နှစ်လာပြီဆိုရင်တော့ ခွက်တစ်ခုထဲပြောင်းထည့်လိုက်ကာ အရသာရှိတဲ့ Smoothie လေးသောက်လို့ရပါပြီ။