နွေနေပူပူမှာ ပရိုတင်းဓာတ်တွေအများကြီးပါဝင်တဲ့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီနဲ့  ငှက်ပျောသီးတို့ကို ဖျော်သောက်လိုက်ရင် ကလေးကော လူကြီးပါကြိုက်ကြမှာ အသေချာပါပဲနော်။

ပါဝင်ပစ္စည်းများ

  • အေးခဲထားတဲ့ စတော်ဘယ်ရီ ½ ခွက်
  • အေးခဲထားသော ဘလူးဘယ်ရီသီး ½ ခွက်
  • ငှက်ပျောသီးမှည့် ၁ လုံး
  • အအေးခံထားတဲ့ သီဟိုဠ်စေ့နို့ ¾ ခွက်
  • သီဟိုဠ်စေ့ထောပတ် ၁ ဇွန်း
  • Hemp Seeds ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

  • စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ငှက်ပျောသီး၊ သီဟိုဠ်စေ့နို့၊ သီဟိုဠ်စေ့ထောပတ်နဲ့  Hemp Seeds တို့ကို Blender နဲ့ ရောမွှေပေးပါ။
  • လိုအပ်သလို သီဟိုဠ်စေ့နို့ များများထည့်ကာ အားလုံးကြေသွားတဲ့အထိ  ကြိတ်ချေပြီး သမအောင် မွှေပေးပါ။
  • ပြီးရင်တော့ ဖန်ခွက်ထဲထည့်ပြီး အရသာရှိရှိ စားလို့ရပါပြီ။