အနည်းငယ်ချိုပြီး သိပ်လည်းမစပ်တဲ့ ဘလူးဘယ်ရီကြက်တောင်ပံအကင်တစ်ပွဲဟာဆိုရင် အရသာအလွန်ကောင်းမွန်လှပါတယ်။ နေ့ခင်းနေ့လည် သရေစာအနေနဲ့ဖြစ်ဖြစ် Appetizer အနေနဲ့ပဲဖြစ်ဖြစ် အချိန်ပြည့်အရသာရှိရှိ သုံးဆောင်နိုင်မှာပါ။ ဘယ်လိုပုံစံနဲ့ပဲစားမယ် စဉ်းစားစဉ်းစား အကောင်းဆုံးပဲမို့လို့ MyFood Myanmar ပရိတ်သတ်တွေအတွက် ချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်နော်။
ကြက်တောင်ပံပါဝင်ပစ္စည်းများ
- ကြက်အတောင်ပံ – ၅၀ သား
- စွယ်စုံသုံးဂျုံမှုန့် – ခွက်တစ်ဝက်ခန့်
- ပြောင်းမှုန့် – ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ
- ဆား – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ငရုတ်ကောင်းအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်
ဘလူးဘယ်ရီအသားကင်အနှစ်အတွက် ပါဝင်ပစ္စည်းများ
- ဟင်းသီးဟင်းရွက်ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်နီ (လှီးပြီးသား) – ၆ လုံး
- ကြက်သွန်ဖြူ (နှပ်နှပ်စင်းပြီးသား) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဂျင်း (ထောင်းပြီးသား) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- အေးခဲပြီးသား ဘလူးဘယ်ရီ – ခွက်သုံးခွက်ခန့်
- သကြားရည် – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
- သကာ – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
- ပန်းသီးရှာလကာရည် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- Worcestershire ဆော့စ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- Ketchup – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- Dijon Mustard – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- အစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဇီရာစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပန်းငရုတ်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဟင်းခတ်အမွှေးအကြိုင် – အနည်းငယ်
- ဇာတိပ္ဖိုလ်သီးအမှုန့် – အနည်းငယ်
- သစ်ကြံပိုးခေါက်အမှုန့် – အနည်းငယ်
- Chipotle ငရုတ်တောင့် – နှစ်တောင့်
- ဆား၊ ငရုတ်ကောင်း
ပြင်ဆင်ပုံအဆင့်ဆင့်
Oven ကို 500°F မှာ အပူပေးပြီး ပန်းကန်လုံးကျယ်ကျယ်နှင့် နက်နက်တစ်ခုထဲတွင် ဂျုံ၊ ပြောင်းမှုန့်၊ ဆား၊ ကြက်သွန်ဖြူအမှုန့်နှင့် ငရုတ်ကောင်းအမှုန့်တို့ကို ရောမွှေပေးပါ။
ကြက်တောင်ပံတစ်ခုခြင်းစီကို နှံ့အောင်သုတ်ပေးပြီး ဆီအနည်းငယ်သုတ်ထားတဲ့ မုန့်ဖုတ်စက္ကူပေါ်ကိုတင်လိုက်ပါ။ ကြက်တောင်ပံတွေကို ဟင်းချက်တဲ့စပရေးနဲ့ဖြန်းပေးပြီး ၂၅ မိနစ်ဖုတ်ပေးပါ။
ထိုအချိန်အတွင်း ဒယ်အိုးပြားကို မီးအနေတော်မှာအပူပေးပြီး ဟင်းသီးဟင်းရွက်ဆီထည့်ပေးပါ။ အိုးပူလာတဲ့အခါ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကိုထည့်ပြီး အညိုရောင်သမ်းလာတဲ့အထိ လှော်ပေးပါ။
Chipotle ငရုတ်သီး၊ ဆား၊ ငရုတ်ကောင်းတို့မှလွဲပြီး အနှစ်အတွက်ကျန်ရှိနေတဲ့ ပါဝင်ပစ္စည်းတွေ အကုန်လုံးကိုရောထည့်ပြီး ဆူအောင်တည်ပေးပါ။
မီးကိုအရှိန်လျှော့လိုက်ပြီး အဖုံးအုပ်ကာ ၁၂ မိနစ်ခန့်တည်ပေးပါ။ ပြီးလျှင် ဘေးဖယ်ထားလိုက်ပါ။
အေးသွားပြီဆိုလျှင် ကြိတ်စက်ထဲ Chipotle ငရုတ်တောင့်နှင့်အတူရောထည့်ကာ ပျစ်လာသည်အထိ ကြိတ်ပေးပါ။
အလွန်ပျစ်သွားပြီဆိုလျှင် ရေနည်းနည်းထည့်ပေးနိုင်ကာ အရသာအတွက် ဆားနှင့်ငရုတ်ကောင်းတို့ကို ထည့်ပေးနိုင်ပါတယ်။
Oven မှ ကြက်တောင်ပံများကို ဖယ်လိုက်ပြီး အနှစ်သုတ်ပေးပြီးရင် ချက်ချင်းစားသုံးနိုင်ပါပြီ။