မင်္ဂလာပါ စာဖတ်သူတို့ရေ။ တခါတလေမှာ မနက်စာကို ထမင်းချည်းပဲစားနေရတာ ရိုးလာလို့ ပေါင်မုန့်ယိုသုတ်လေး ပြောင်းစားတတ်ကြလားရှင့်။

ဒီလိုယိုလို့ပြောတဲ့အခါမှာလည်း အားလုံးအများစုစားကြတာ၊ ကြိုက်ကြတာက စတော်ဘယ်ရီယိုပါနော်။ ဒါပေမယ့် အခုတခါတော့ အပြောင်းအလဲလေးဖြစ်အောင် ဘလူးဘယ်ရီယိုလေး ပြောင်းပြီးစားကြည့်ကြပါလား။

ဆေးသကြားတွေ၊ ကျန်းမာရေးနဲ့မညီညွတ်တာတွေ ပါမှာစိုးလို့ အပြင်ကနေ ဝယ်မစားရဲတဲ့ စာဖတ်ချစ်ပရိတ်သတ်များအတွက် ကိုယ့်ဘာသာ အိမ်မှာပဲ လွယ်လွယ်ကူကူ ချက်စားနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးမယ်နော်။

ပါဝင်ပစ္စည်းများ

  • ဘလူးဘယ်ရီသီး – ပန်းကန်လုံး ၂ လုံး
  • သံပုရာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
  • သစ်ကြံပိုးခေါက်အမှုန့် – လက်ဖက်ရည်ဇွန်း ၂ ပုံ ၁ ပုံ
  • သကြားပွင့် – ပန်းကန်လုံး ၁ ခွက်နဲ့ လေးပုံတစ်ပုံ
  • Pectin (သစ်သီးယိုတို့ကို ခဲစေသာအမျိုးအမယ်တစ်ခု) – စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံအဆင့်ဆင့်

၁။ ဘလူးဘယ်ရီသီးများ၊ သံပုရာရည်နှင့် သစ်ကြံပိုးခေါက်အမှုန့်တို့ကို ဒယ်အိုးပြားအလတ်တစ်ခုထဲထည့်ပါ။ အောက်ခြေပြားတဲ့ ဖန်ခွက်တစ်ခုကိုသုံးပြီးတော့ ဘလူးဘယ်ရီသီးတွေကို ကြိတ်ခြေပါ။

၂။ အကုန်ကြေသွားပြီဆိုရင်တော့ ပွက်အောင်တည်ပါ။

၃။ သကြားပွင့်တွေကိုလည်းထည့်လိုက်အောင် နောက်ထပ်တည်ပေးပါ။ အခန့်သင့်သလို မွှေပေးပြီး ၂ မိနစ်လောက်ဆက်တည်ပါ။

၄။ Pectin ထည့်လိုက်ပြီး ၁ မိနစ်လောက်ပွက်ပွက်ဆူအောင် တည်လိုက်ပါ။ ၁ မိနစ်ပြည့်ရင်တော့ မီးဖိုပေါ်ကချလိုက်ပါ။

၅။ ယိုထည့်မယ့် ဖန်ဘူးတစ်ခုထဲကို ပြောင်းထည့်လိုက်ပြီး ထိပ်နားလေးတွေကို အနည်းငယ်လွှတ်ထားပါ။ အဖုံးလေလုံအောင် သေချာပိတ်ပြီး အခန်းတွင်းအပူချိန်မှာ ခဏတာအအေးခံပါ။

၆။ ပြီးရင်တော့ ၃ ပတ်လောက် ရေခဲသေတ္တာထဲမှာ အေးခဲထားပြီးရင်တော့ အရသာရှိတဲ့ ဘလူးဘယ်ရီသီးယိုလေးကို ရပါပြီ။

Source: shewearsmanyhats.com