အခုမှ ဟင်းစချက်မယ့်လူတွေအတွက် ဝက်သားဟင်းကို လွယ်လွယ်ကူကူ ချက်နိုင်မယ့် နည်းလမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အသားနူးတဲ့အထိ ရေနွေးလေးထည့်ထည့်ချက်ပေးရုံပဲဆိုတော့ လွယ်လွန်းပါတယ်နော်။
ပါဝင်ပစ္စည်းများ
- ဝက်သား
- ပဲငံပြာရည်
- ပုဇွန်ငံပြာရည်
- ကြာညို့
- ဂျင်း၊ ဆီ၊ ဆား
ပြုလုပ်နည်း
ဝက်သားကို သန့်စင်ပြီး အိုးထဲတွင် ဆီ၊ ဂျင်းပါးပါး၊ ကြာညို့၊ ပဲငံပြာရည်၊ ပုဇွန်ငံပြာရည်၊ ဆားအနည်းငယ်ထည့်၍ နယ်ပါ။
ရေကို ဝက်သား မြှုပ်အောင် ထည့်ပြီး တည်ပါ။
အသား မနူးသေးလျှင် ရေနွေးကို လိုသလောက် နည်းနည်းစီ ထည့်ပြီး နူးသည်အထိ ပြုတ်ကြော် ချက်ပါ။
Credit: Daw Suu Suu