ဆေးဘဲဥက ကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်ဆိုတာ လူအများသိပြီးကြမှာပါ။ ပုံမှန်ဘဲဥတွေနဲ့ ပုံစံတစ်မျိုးလေးခြားနားလို့ အချို့သူများက စားဖို့ကို အနည်းငယ်တွန့်ဆုတ်ကြပါတယ်။ ဒါပေမယ့် စားဖူးတဲ့သူများကတော့ ဘယ်လိုအရသာရှိတယ်ဆိုတာကို သိတဲ့အတွက် မကြာမကြာစားပေးကြပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာလည်း ဆေးဘဲဥကို ဟင်းနုနွယ်နဲ့ ဘယ်လိုမျိုးလေး ရောကြော်ပြီး ချက်နိုင်သလဲဆိုတာသိရအောင် အခုပဲဖော်ပြပေးလိုက်ရပါတယ်။
ပါဝင်ပစ္စည်းများ
- ဟင်းနုနွယ် ၁စည်း
- ဆေးဘဲဥ ၁လုံး
- ကြက်သွန်ဖြူ
- ငရုတ်သီးစိမ်း
- ဆား
- သကြား
- ကော်မှုန်
- နှမ်းဆီမွှေး
- ငရုတ်ကောင်း
- ပဲငံပြာရည်အကြည်
ပြင်ဆင်ပြုလုပ်နည်း
- ဟင်းနုနွယ်ကို ရေဆေးပြီး ချွေပါ။ပြီးရင် ရေစိမ်ထားပါ။ ဆေးဘဲဥ ကို လှီးထားပါ။
- ရေဆူဆူတွင် ဟင်းနုနွယ်ကို ထည့်ပြုတ်ပါ။၂မိနစ် ခန့်ကြာ လျှင်ဆယ်ပြီး ရေအေးတွင်စိမ် ဆယ်ပြီးရေစစ်ထားပါ။
- ဆီအနည်းငယ် ကြက်သွန်ဖြူ ကို ဆီသတ်ပါ။ဆေးဘဲဥထည့် ပါ။ဆား သကြား ငရုတ်ကောင်း ပဲငံပြာရည်အကြည် ထည့်ပါ။
- ရေနွေးအနည်းငယ်ထည့်ပါ။ကော်မှုန့်ရေဖျော်ထည့်ပါ။ငရုတ်သီးစိမ်း ကြိုက်ရင် ခြမ်းထည့်ပါ။နှမ်းဆီမွှေး ထည့်ပါ။
- ပြီးလျှင် ဟင်းနုနွယ် ပေါ်လောင်းချပါ။(သို့)အိုးထဲ ဟင်းနုနွယ်ထည့် ပြီး မွှေ၍ ချပါ။
Credit: ချက်ကြည့်ကြစို့