ဆေးဘဲဥက ကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်ဆိုတာ လူအများသိပြီးကြမှာပါ။ ပုံမှန်ဘဲဥတွေနဲ့ ပုံစံတစ်မျိုးလေးခြားနားလို့ အချို့သူများက စားဖို့ကို အနည်းငယ်တွန့်ဆုတ်ကြပါတယ်။ ဒါပေမယ့် စားဖူးတဲ့သူများကတော့ ဘယ်လိုအရသာရှိတယ်ဆိုတာကို သိတဲ့အတွက် မကြာမကြာစားပေးကြပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာလည်း ဆေးဘဲဥကို ဟင်းနုနွယ်နဲ့ ဘယ်လိုမျိုးလေး ရောကြော်ပြီး ချက်နိုင်သလဲဆိုတာသိရအောင် အခုပဲဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းနုနွယ် ၁စည်း
  • ဆေးဘဲဥ ၁လုံး
  • ကြက်သွန်ဖြူ
  • ငရုတ်သီးစိမ်း
  • ဆား
  • သကြား
  • ကော်မှုန်
  • နှမ်းဆီမွှေး
  • ငရုတ်ကောင်း
  • ပဲငံပြာရည်အကြည်

ပြင်ဆင်ပြုလုပ်နည်း

  1. ဟင်းနုနွယ်ကို ရေဆေးပြီး ချွေပါ။ပြီးရင် ရေစိမ်ထားပါ။ ဆေးဘဲဥ ကို လှီးထားပါ။
  2. ရေဆူဆူတွင် ဟင်းနုနွယ်ကို ထည့်ပြုတ်ပါ။၂မိနစ် ခန့်ကြာ လျှင်ဆယ်ပြီး ရေအေးတွင်စိမ် ဆယ်ပြီးရေစစ်ထားပါ။
  3. ဆီအနည်းငယ် ကြက်သွန်ဖြူ ကို ဆီသတ်ပါ။ဆေးဘဲဥထည့် ပါ။ဆား သကြား ငရုတ်ကောင်း ပဲငံပြာရည်အကြည် ထည့်ပါ။
  4. ရေနွေးအနည်းငယ်ထည့်ပါ။ကော်မှုန့်ရေဖျော်ထည့်ပါ။ငရုတ်သီးစိမ်း ကြိုက်ရင် ခြမ်းထည့်ပါ။နှမ်းဆီမွှေး ထည့်ပါ။
  5. ပြီးလျှင် ဟင်းနုနွယ် ပေါ်လောင်းချပါ။(သို့)အိုးထဲ ဟင်းနုနွယ်ထည့် ပြီး မွှေ၍ ချပါ။

Credit: ချက်ကြည့်ကြစို့