ပါဝင်ပစ္စည်းများ
- ကြက်သား
- ကြက်သွန်မိတ်၊ ဂျင်း၊ နာနတ်ပွင့်
- ဆီအနည်းငယ်
- ရေ၊ ရေခဲတုးံ
- ဆား၊ ငါး ငံပြာရည်၊ ဟင်းချက် အရက်
ပြုလုပ်နည်း
ကြက်သွန်မိတ် ၊ ဂျင်း ၊ နာနတ်ပွင့်ကို ဆီနည်းနည်းန့ဲမွေးနေအောင် ဆီသတ်ပါ ။ ကြက်သားပြုတ်မဲ့ အိုးထဲတွင် ရေကို ဆူအောင် တည်ထားပါ ။
ဆီသပ်ထားတာတွေ (ဆီမပါ ) ရေဆူတဲ့ အိုးထဲ ထည့်ပါ ။ ကြက်ပေါင်သား ပြုတ်မည့် အိုးထဲ နှစ်ချလိုက် ၊ ထုတ်လိုက် ၊ နှစ်ကြိမ် လုပ်ပေးပါ ။ ကြက်အရေခွံ တင်းအောင် လုပ်တာပါ ။ နှစ်ကြိမ် နစ်လိုက် ထုတ်လိုက် လုပ်ပြီး ထည့်ပြုတ် လိုက်ပါ ။ အိုးအဖုံးဖုံး ၊ မီးအေးအေး နှင့် ၂၅ မိနစ် ကြာပြုတ်ပါ ။
ကြက်သား အဖြူခြမ်းက အစိမ်းနည်းနည်း အဝါရောင်နဲ့က ရေနွေးဆူထဲ နစ်လိုက် ထုတ်လိုက် နှစ်ကြိမ်လုပ်ထားတာကို ယှဉ်ပြ ထားတာပါ ။ တော်တန်ရုံ အရေခွံ မကျွတ်ပဲ အသားတင်း သွားပါတယ် ။
ကြက်ပေါင်သား ပြုတ်ထားတုန်း ဇလုံတခုထဲ ငါးငံပြာရည် ၊ ဟင်းချက် အရက်ကို ဆတူ ထည့်ပါ ။ ကိုယ်ပြုတ်တဲ့ ပမာဏပေါ် မူတည်ပြီး ချိန်ဆထည့်ပါ ။ ရောမွေပြီး ရေခဲတုံး များများ ထည့်ထားပါ ။ ကြက်သား ပြုတ်ချိန် ၂၅ မိနစ် ပြည့်တာနဲ့ ကြက်သား ထုတ်ပြီး ရေခဲ ဇလုံထဲ ထည့်စိမ်ပေးပါ ။ ကြက်သားက အောက်ဖက် ရေခဲတုံးက အပေါ်မှာ ထားပါ ။ ဆားဖြူး ထည့်မယ် ။ ကြက်သား အပူကြောင့် ရေခဲရည် ပျော်လာမယ် ။ ဆားထည့်သောကြောင့် အရည်ပျော်တာ ပိုမြန်မယ် ။
မိနစ်ပိုင်းမှာပဲ ကြက်သား အေးသွားပီမို့ ရေစစ်ပြီး လိုသလို အတုံးတုံးပါ ။ အသားတုံး အရေခွံ ပုံမပျက်ဘူး ။
Credit: Whitevalentineday Ma Thint