ဝိတ်ကျချင်ရင် ညနေပိုင်းမှာ ထမင်းမစားပဲ ကြက်ဥပြုတ်စားပေးလို့ရပါတယ်။ ဒါပေမယ့် အမြဲတမ်းစားမယ်ဆိုရင်တော့ ရိုးသွားပြီး ကြက်ဥတောင်မမြင်တော့ပဲနေပါလိမ့်မယ်။ ဒါကြောင့် ကြက်ဥပြုတ်ကို စားချင်စဖွယ်ဖြစ်အောင် ဘယ်လိုပြင်ဆင်ပြုလုပ်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ပြုလုပ်ရမယ့်ပုံစံကတော့ အတုံးလေးတွေတုံးထားတဲ့ မုန်လာဥနီ – ခွက်တစ်ခွက်စာကို ရေထည့်ပြီး ဆား – အနည်းငယ်ထည့်ကာ ပြုတ်ပေးရပါမယ်။

ပြုတ်ပြီးတာနဲ့ ပန်းကန်လုံးထဲထည့်ပြီး ပြုတ်ထားတဲ့ကြက်ဥနှစ်လုံးကိုပါ လှီးပြီး ထည့်ပေးပါ။ ပြုတ်ထားတဲ့ပဲလုံး – ခွက်ရဲ့လေပုံပုံ တစ်ပုံစာထည့်ပြီး Extra Virgin Olive Oil – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ၊ သံပုရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ၊ သေးသေးလေးတွေလှီးထားတဲ့ နံနံပင် – စားပွဲတင်ဇွန်း တစ်ဝက်စာနဲ့ Parmesan Cheese – စားပွဲတင်ဇွန်း ၁ ဇွန်းစာကို ထည့်နယ်ပေးပါ။

နယ်ပြီးတာနဲ့ ပန်းကန်တစ်ခုထဲပြောင်းထည့်ပြီး စားသုံးနိုင်ပါပြီ။ ကြက်ဥပြုတ်ချည်းပဲစားတာထက် ဒီလိုလေးလုပ်စားတာက ပိုအရသာရှိသလို ပိုပြီးတော့လည်း ဗိုက်ပြည့်စေပါတယ်။

Photo Source: www.theseriousfitness.com