(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ကြက်သားသုပ် အစပ် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင် (အရိုးနွှင်ထားပါ)
  • ဂျင်းပြား ၂ ပြား
  • ရေ ၅၀၀ မီလီလီတာ
  • ကြက်သွန်နီ ၁ ခြမ်းနှင့် ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ရေအေး ၁ လီတာ

အချဉ်ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း တစ်ဇွန်းခွဲနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးကို အပူပေးပြီး ရေထည့်ကာ တည်ထားလိုက်ပါ။ ထိုရေထဲသို့ ကြက်ရင်အုံသားနှင့် ဂျင်းတို့ထည့်ပြီး မီးအေးအေးဖြင့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက ကြက်သား နူးအိသွားပြီလားဆိုတာကို ခက်ရင်းနဲ့ စမ်းကြည့်လိုက်ပါ။

ကြက်သားနူးအိသွားပါက အိုးအဖုံးကို ပြန်ပိတ်ပြီး ၁၀ မိနစ်ခန့် ဆက်တည်ထားလိုက်ပါ။

၂။ ကြက်သွန်နီနှင့် ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးထားပါ။

၃။ ထို့နောက် အချဉ်ဆော့စ် ပြုလုပ်ဖို့ရန်အတွက် ငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ ရှာလကာရည်၊ သကြား၊ နှမ်းဆီ၊ ငရုတ်ဆီ၊ ဆားနှင့် ကြက်သွန်မြိတ်တို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး သမအောင် မွှေထားလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ပြုတ်ထားသော ကြက်သားကို ရေအေးထဲထည့်ပြီး ၁၀ မိနစ်ခန့် အအေးခံထားလိုက်ပါ။

၅။ ကြက်သားတုံး အေးသွားပြီဆိုရင်တော့ ပလပ်စတစ်အိတ်ထဲထည့်ပြီး ဒလှိမ့်တုံးဖြင့် ပြားသွားအောင် လှီမ့်ပေးလိုက်ပါ။ ဒလှိမ့်တုံးဖြင့် ၂ ကြိမ်၊ ၃ ကြိမ်ခန့် လှိမ့်ပြီးသွားရင်တော့ ကြက်သားကို နွှင်ပေးလို့ရပါပြီ။

၆။ နွှင်ထားသော ကြက်သားများကို ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ကာ စောစောက စပ်ထားသော ဆော့စ်များကို ကြက်သားပေါ်သို့ ဆမ်းလိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ (သခွားသီးကြိုက်ပါက သခွားသီးအနည်းငယ် လှီးထည့်နိုင်ပါတယ်)

အရသာအပေါ့အငန်မြည်းစမ်းပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကြက်သားသုပ် စပ်စပ်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာာ ေဝမွ်ေပးခ်င္တဲ့ ဟင္းလ်ာေလးကေတာ့ ၾကက္သားသုပ္ အစပ္ ျပဳလုပ္နည္းပဲျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ၾကက္ရင္အံုသား ၁ ေပါင္ (အရိုးႏႊင္ထားပါ)
  • ဂ်င္းျပား ၂ ျပား
  • ေရ ၅၀၀ မီလီလီတာ
  • ၾကက္သြန္နီ ၁ ျခမ္းႏွင့္ ၾကက္သြန္ၿမိတ္ ၁ ပင္ (ပါးပါးလွီးထားပါ)
  • ေရေအး ၁ လီတာ

အခ်ဥ္ေဆာ့စ္ျပဳလုပ္ရန္ လိုအပ္ေသာ ပါဝင္ပစၥည္းမ်ား

  • ငရုတ္သီးမႈန္႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္းႏွင့္ ပါးပါးလွီးထားေသာ ၾကက္သြန္ၿမိတ္ စားပြဲတင္ဇြန္း ၁ ဇြန္း
  • ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း ၂ ဇြန္း
  • ရွာလကာရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
  • သၾကား စားပြဲတင္ဇြန္း တစ္ဇြန္းခြဲႏွင့္ ဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္း
  • ငရုတ္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းႏွင့္ ႏွမ္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ အိုးတစ္လံုးကို အပူေပးၿပီး ေရထည့္ကာ တည္ထားလိုက္ပါ။ ထိုေရထဲသို႔ ၾကက္ရင္အံုသားႏွင့္ ဂ်င္းတို႔ထည့္ၿပီး မီးေအးေအးျဖင့္ ဆူပြက္လာေအာင္ တည္ထားလိုက္ပါ။ ဆူပြက္လာပါက ၾကက္သား ႏူးအိသြားၿပီလားဆိုတာကို ခက္ရင္းနဲ႔ စမ္းၾကည့္လိုက္ပါ။

ၾကက္သားႏူးအိသြားပါက အိုးအဖံုးကို ျပန္ပိတ္ၿပီး ၁၀ မိနစ္ခန္႔ ဆက္တည္ထားလိုက္ပါ။

၂။ ၾကက္သြန္နီႏွင့္ ၾကက္သြန္ၿမိတ္တို႔ကို ပါးပါးလွီးထားပါ။

၃။ ထို႔ေနာက္ အခ်ဥ္ေဆာ့စ္ ျပဳလုပ္ဖို႔ရန္အတြက္ ငရုတ္သီးမႈန္႔၊ ပဲငံျပာရည္၊ ရွာလကာရည္၊ သၾကား၊ ႏွမ္းဆီ၊ ငရုတ္ဆီ၊ ဆားႏွင့္ ၾကက္သြန္ၿမိတ္တို႔ကို ပန္းကန္လံုးတစ္လံုးထဲထည့္ၿပီး သမေအာင္ ေမႊထားလိုက္ပါ။

၄။ ေနာက္တစ္ဆင့္အေနနဲ႔ ျပဳတ္ထားေသာ ၾကက္သားကို ေရေအးထဲထည့္ၿပီး ၁၀ မိနစ္ခန္႔ အေအးခံထားလိုက္ပါ။

၅။ ၾကက္သားတံုး ေအးသြားၿပီဆိုရင္ေတာ့ ပလပ္စတစ္အိတ္ထဲထည့္ၿပီး ဒလွိမ့္တံုးျဖင့္ ျပားသြားေအာင္ လွီမ့္ေပးလိုက္ပါ။ ဒလွိမ့္တံုးျဖင့္ ၂ ႀကိမ္၊ ၃ ႀကိမ္ခန္႔ လွိမ့္ၿပီးသြားရင္ေတာ့ ၾကက္သားကို ႏႊင္ေပးလို႔ရပါၿပီ။

၆။ ႏႊင္ထားေသာ ၾကက္သားမ်ားကို ပန္းကန္လံုးအႀကီးတစ္လံုးထဲထည့္ကာ ေစာေစာက စပ္ထားေသာ ေဆာ့စ္မ်ားကို ၾကက္သားေပၚသို႔ ဆမ္းလိုက္ပါ။ ထို႔ေနာက္ ၾကက္သြန္ျဖဴ၊ ၾကက္သြန္ၿမိတ္တို႔ထည့္ကာ သမေအာင္ နယ္ေပးလိုက္ပါ။ (သခြားသီးႀကိဳက္ပါက သခြားသီးအနည္းငယ္ လွီးထည့္ႏိုင္ပါတယ္)

အရသာအေပါ့အငန္ျမည္းစမ္းၿပီးတဲ့ေနာက္မွာေတာ့ အရသာရွိတဲ့ ၾကက္သားသုပ္ စပ္စပ္ေလး ရရွိသြားပါၿပီ။

Source: Chinasichuanfood.com