အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ရေဘဝဲဟင်း စပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေဘဝဲ ၄ အောင်စခန့်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်လိုက်ပါ။

၂။ ကြက်သွန်ဖြူ ထည့်ပြီး စက္ကန့် ၃၀ ခန့် ဆီသတ်ပေးလိုက်ပါ။

၃။ ရေ၊ ပဲငံပြာည်နှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ မွှေလိုက်ပါ။

၄။ အနေတော်လှီးဖြတ်ထားသော ရေဘဝဲများကို ဒယ်အိုးထဲထည့်ပြီး မီးအေးအေးဖြင့် ၈ မိနစ်ခန့် မွှေပေးရပါမယ်။

၅။ ၈ မိနစ် ပြည့်တဲ့အခါ မီးဖိုပေါ်ကချပြီး ပန်းကန်ပြားထဲပြောင်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာစပ်စပ်လေးနဲ့ ဆွေမျိုးမေ့သွားစေမယ့် ရေဘဝဲဟင်း စပ်စပ်လေးကို မြည်းစမ်းကြည့်နိုင်ပါပြီ။

Source: maangchi.com