အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝက်သား သုံးထပ်သားကို အရသာရှိအောင် ချက်စားနိုင်မယ့် နည်းလမ်းကောင်းတစ်ခုကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်းပြား ၂ ပြား
  • ငရုတ်သီးခြောက် ၂ တောင့်နှင့် နှမ်းစေ့ အနည်းငယ်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဝက်သား သုံးထပ်သား ဝ.၈ ပေါင်ခန့် (၁ လက်မပတ်လည် ကုဗတုံးပုံသဏ္ဍာန် လှီးဖြတ်ထားပါ)
  • ရေနွေး ၅၀၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်နှင့် အနှောက်တို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ သမအောင် ရောနှောထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဝက်သားတုံးများကို ငါးမိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးထဲသို့ သကြားထည့်ပြီး သကြားများ ပျော်သွားသည်အထိ ကြော်ပေးလိုက်ပါ။ ပြီးမှ ဂျင်းနှင့် ငရုတ်သီးတောင့်တို့ ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။

၄။ စောစောက နယ်ထားသော ပဲငံပြာရည်တို့ကို ဒယ်အိုးထဲ ဖြည်းဖြည်းချင်းလောင်းထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။

၅။ ထို့နောက် ဒယ်အိုးထဲက ဝက်သားတုံးများကို မြေအိုး (သို့) Slow Cooker ထဲထည့်လိုက်ပါ။ ပြီးရင် ရေနွေး ၅၀၀ မီလိလီတာထည့်ပြီး မိနစ် ၅၀ ခန့် တည်ထားလိုက်ပါ။

၆။ အချိန်ပြည့်သွားတဲ့အခါမှာတော့ ဝက်သားဟင်းကို ပန်းကန်ပြားထဲပြောင်းထည့်ပြီး နှမ်းစေ့အနည်းငယ် ဖြူးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သုံးထပ်သားဟင်းလေး ရရှိသွားပါပြီ။

Source: Spicetheplate.com