ဝက်သားကြိုက်တဲ့သူတွေအတွက် အရသာရှိပြီး စားချင်စဖွယ်ဖြစ်အောင် ပဲငံပြာရည်နဲ့ ဝက်သားအချိုချက်နည်းကို မျှဝေပေးလိုက်ပါတယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ဝက်သား – 2 lb (ပေါင်သားဆို ပိုကောင်းပါတယ်)၊ ရေ – ခွက်တစ်ခွက်ခွဲစာ၊ သကြား – စားပွဲတင်ဇွန်း – ၄ ဇွန်း၊ Chili Garlic Sauce – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် – ခွက်တစ်ဝက်စာ၊ သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဟင်းသီးဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ကြက်သွန်မြိတ်၊ ထောင်းထားတဲ့ဂျင်း – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုပါတယ်။

ပန်းကန်လုံးထဲကို ရေ၊ သကြား၊ Chili Garlic Sauce၊ ပဲငံပြာရည်၊ သံလွင်ဆီ၊ နှမ်းဆီ၊ ထောင်းထားတဲ့ဂျင်းနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူတို့ကို အကုန်ရောထည့်ပြီး ကြက်ဥခလောက်တဲ့ဟာနဲ့ သေချာခလောက်ပြီး မွှေပေးပါ။

ပြီးတာနဲ့ ဒယ်အိုးကိုမီးဖိုပေါ်တင်ပြီး ဟင်းသီးဟင်းရွက်ဆီထည့်ပါ။ ဝက်သားကို တစ်လက်မအတုံးလေးတွေတုံးပြီး ထည့်မွှေပြီး ကြော်နေပေးပါ။ ခဏလောက်မွှေပြီးတာနဲ့ ခုနကရောမွှေထားတာတွေကို လောင်းထည့်လိုက်ပြီး သမအောင်မွှေပေးပါ။

အနည်းဆုံး မိနစ် ၃၀ လောက်တော့ တည်ထားရပါမယ်။ ဝက်သားနူးပြီဆိုရင် အပေါ်ကနေ ကြက်သွန်မြိတ်တွေဖြူးပေးလိုက်ရုံပါပဲ။

နောက်ဆုံးမှာတော့ ပန်းကန်ထဲခူးထည့်ပြီး ထမင်းနဲ့တွဲဖက်စားသုံးနိုင်ပါပြီ။

Source:www.jocooks.com