အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အာလူးကို အသားတွေနဲ့ ရောကြော်၊ ချက်တာမျိုးမဟုတ်ဘဲ အသီးအရွက်တွေနဲ့ပဲ ဘယ်လိုလုံးပြီး ချက်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • အာလူး ၃ လုံး
  • မုန်လာဥနီ ၁ လုံး
  • ငရုတ်ပွသီး အစိမ်း ၃ တောင့်
  • ကြက်သွန်နီ တစ်ဝက်
  • ဆီ အနည်းငယ်

ဆော့စ်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • နှမ်း အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ရေ ခွက်တစ်ဝက်

ပြုလုပ်နည်း

အရင်ဆုံး အာလူးကို အခွံနွှာလိုက်ပြီး တစ်လက်မလောက် အတုံးလေးတွေ လှီးလိုက်ပါ။ မုန်လာဥနီကိုလည်း ခပ်ကြီးကြီးလှီးပါ။ ငရုတ်ပွ သီးနဲ့ ကြက်သွန်နီကိုလည်း လှီးလိုက်ပါ။

ပြီးရင်တော့ ခွက်တစ်လုံးထဲမှာ ပဲငံပြာရည်၊ ဆား၊ သကြား၊ ဝိုင်ဖြူ၊ ကြက်သွန်ဖြူ၊ ပျားရည်၊ ငရုတ်ကောင်းမှုန့်၊ ရေတို့ကိုရောလိုက်ပါ။

အိုးကို အပူပေးလိုက်ပြီး အာလူး၊ မုန်လာဥနီတို့ကို ဆီနဲ့ အရင် လုံးပေးလိုက်ပါ။ ပြီးရင်တော့ ဆော့လ်ကို ထည့်လိုက်ပြီး ဆူပွက်အောင်သည်ပေးလိုက်ပါ။ ဆူလာရင်တော့ အဖုံးအုပ်ပေးလိုက်ပြီး အပူချိန်လျှော့ပေးလိုက်ပါ။ အာလူးလည်းနူးလာရင် ကြက်သွန်နီနဲ့ ငရုတ်ပွသီးတို့ကိုလည်း ထည့်လိုက်ပြီး ရေနည်းနည်းထပ်ထည့်ပြီး ဆူအောင်ထားပေးပါ။

ဆော့စ်လေးက နည်းနည်းလေး ပျစ်လာပြီဆိုရင်တော့ ရပါပြီနော်။ နှမ်းဆီလေးနည်းနည်းရယ်၊ နှမ်းရယ်ကို အနံ့လေးမွှေးအောင်ထည့်ပေးလိုက်ပါ။

Source: www.koreanbapsang.com

By: MyFood Myanmar