မနက်စာ စားသုံးတဲ့အခါ ပေါ့ပေါ့ပါးပါး အစားအစာလေးပဲ စားချင်သူများအတွက် ပြုလုပ်ရလွယ်ကူတဲ့ ချိစ်ပေါင်မုန့်မီးကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • နုပ်နုပ်စဉ်းထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပေါင်မုန့် ၈ ချပ်
  • ချိစ် ၈ အောင်စ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးတွင် ထောပတ်နှင့် နံနံပင်တို့ကို သမအောင် ရောနယ်ထားလိုက်ပါ။ ထို့နောက် ပေါင်မုန့် ၂ ချပ်ပေါ်တွင် ညီညီညာညာသုတ်လိမ်းထားလိုက်ပါ။

၂။ အိုးမကပ်သော ယ်အိုးကို အပူပေးပြီး ပေါင်မုန့်ချပ် တစ်ချပ်ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မီးကင်ပေးလိုက်ပါ။ ပေါင်မုန့်အောက်ခြေက အညိုရောင်ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ ၂ မိနစ်ခန့် အပူထပ်ပေးလိုက်ပါ။

ကျန်ပေါင်မုန့်တစ်ချပ်ကိုလည်း ထိုကဲ့သို့ မီးကင်ရပါမယ်။

၃။ ထို့နောက် မီးအပူချိန်ကို လျော့လိုက်ကာ ပေါင်မုန့်ချပ်ပေါ်တွင် ချိစ်များ တင်ထားလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်လည်း ဖြူးပေးထားလိုက်ပါ။

၄။ ပြီးရင်တော့ မီးကင်ပြီးသားပေါင်မုန့်ချပ်ကို အပေါ်ကနေ အုပ်ပေးလိုက်ပါ။ ထို့နောက် ချိစ်များ အရည်ပျော်သွားသည်အထိ ၄ မိနစ်၊ ၆ မိနစ်ခန့် စောင့်ပါ။

ချိစ် အရည်ပျော်သွားတဲ့အခါမှာတော့ သစ်သားယောင်မဖြင့် ပေါင်မုန့်ကို ဖိချလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ် ပေါင်မုန့်မီးကင်လေး ရရှိသွားပါပြီ။ မနက်စာအဖြစ် ကော်ဖီပူပူ (သို့) နွားနို့ပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Thespruceeats.com