အာလူးကြိုက်တဲ့သူတွေအတွက် မိသားစုနဲ့အတူ လွယ်လွယ်ကူကူလုပ်စားလို့ရအောင် အာလူးအစာသွပ် မုန့်ကြွပ်ကြော် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ အာလူးနဲ့ ပေါင်မုန့်ကိုပဲ အဓိကသုံးထားတာမို့ လူကြီးလူငယ်မရွေး စားသုံးနိုင်ပါတယ်။

စတင်ပြုလုပ်ဖို့ မီးဖိုပေါ်ကို ဒယ်အိုးတင်ပြီး ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သေးသေးလေးတွေလှီးထားတဲ့ ကြက်သွန်နီ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ထောင်းထားတဲ့ ဂျင်းနဲ့ ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ၊ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ အရောင်တင်ငရုပ်သီးမှုန့် – အနည်းငယ်၊ coriander powder – အနည်းငယ်၊ cumin powder – အနည်းငယ်တို့ကိုထည့်ပြီး မွှေပါ။

ပဲစိမ်လေးတွေကိုလည်း စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းစာထည့်မွှေပြီး ရေ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။

ပြုတ်ပြီးထောင်းထားတဲ့ အာလူး – ပန်းကန်လုံး ၁ လုံးစာကို ထည့်ပြီး သမအောင်မွှေပါ။ ပြီးတာနဲ့ မဆလာ – အနည်းငယ်၊ သေးသေးလေးတွေလှီးထားတဲ့ တရုတ်နံနံ – စားပွဲတင်ဇွန်း ၁ ဇွန်းစာ၊ ဆား – အနည်းငယ်တို့ကို ထည့်ပြီး သမအောင် ထပ်မွှေပါ။ ရပြီဆိုရင်တော့ မီးဖိုပေါ်က ချလို့ရပါပြီ။

ပေါင်မုန့်ကို ပြားချပ်သွားအောင် ဒလိမ့်တုံးနဲ့ လှိမ့်ပေးပြီး ဘေးသားတွေကို လှီးထုတ်ပါ။ ပြီးတာနဲ့ ခုနက လုပ်ထားတဲ့ အာလူးတွေကို ဇွန်းနဲ့ယူပြီး အလယ်မှာ အစာအဖြစ်ထည့်ပါ။ ပြီးရင် ပေါင်မုန့် ဘေးပတ်ပတ်လည်ကို ရေစွတ်ပြီး လိပ်လိုက်ပါ။

ပန်းကန်လုံးထဲကို ကြက်ဥဖောက်ထည့်ပြီး ဆား – အနည်းငယ်နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ကာ ခလောက်ပါ။ ပြီးတာနဲ့ ခုနကလိပ်ထားတာကို ကြက်ဥပန်းကန်ထဲ ထည့်စိမ်၊ ပြီးရင် bread crumbs ပန်းကန်ထဲ ထည့်နယ်၊ ပြီးရင်တော့ ဆီအိုးထဲထည့် ကြော်လို့ရပါပြီ။

ကြော်ပြီးရင်တော့ အချဉ်နဲ့ တို့ပြီးစားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အာလူးအစာသွပ်မုန့်ကြွပ်ကြော်ကို ရရှိသွားပါပြီ။

Source: www.tiffinbox