အားလုံးပဲ မင်္ဂလာပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှုဘဝကို ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် မနက်စာကို မဖြစ်မနေ စားသုံးပေးရပါမယ်။ မနက်စာ စားမှ ခန္ဓာကိုယ်က အားအင်ပြည့်ဝစွာနဲ့ လှုပ်ရှားသွားလာနိုင်မှာပါ။

ဒီတစ်ခါမှတော့ ပရိုတင်းဓာတ် ကြွယ်ဝပြီး အာဟာရဓာတ်ပြည့်ဝတဲ့ ကြက်အူချောင်း ကြက်ဥပေါင်မုန့် မနက်စာကို ဘယ်လိုပြင်ဆင်စားသုံးနိုင်မလဲဆိုတာကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၆ လုံးနှင့် ကြက်အူချောင်း ၁၂ အောင်စခန့်
  • နွားနို့ ၃၇၅ မီလီလီတာ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပေါင်မုန့် သုံးချပ် (အတုံး ခပ်သေးသေး ဖဲ့ထားလိုက်ပါ)
  • ချိစ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အကင်လင်ဗန်းကို ဟင်းချက် စပရေးဖြင့် ဖြန်းထားလိုက်ပါ။

Source: Couponclippingcook.com

၂။ ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥနှင့် နွားနို့များကို သမအောင် မွှေခလောက်လိုက်ပါ။

၃။ ထို့နောက် လင်ဗန်းပေါ်မှာ ကြက်ဥ နွားနို့ အရောအနှောများကို လောင်းထည့်လိုက်ပါ။

၄။ ပေါင်မုန့် အတုံးလေးများကို လင်ဗန်းထဲ ထည့်လိုက်ပါ။ ထို့နောက် ကြက်အူချောင်းလေးများကို အနေတော် အတုံး တုံးထားလိုက်ပါ။ ပြီးရင် လင်ဗန်းထဲထည့်လိုက်ပါ။ ချိစ်များပါ ထပ်ထည့်ပေးလိုက်ပါ။

၅။ ထို့နောက် ရေခဲသေတ္တာထဲမှာာ တစ်ညခန့် ထည့်ထားလိုက်ပါ။ မနက်ရောက်လို့ Oven ထဲ ထည့်မဖုတ်ခင်မှာ ရေခဲသေတ္တာထဲက ထုတ်ပြီး အခန်းအပူချိန်ထဲမှာ မိနစ် ၂၀ ခန့် ထားထားရပါမယ်။

၆။ ထို့နောက် ၃၅၀ ဒီဂရီ အပူချိန် ဖွင့်ထားသော Oven ထဲမှာ မိနစ် ၄၀၊ မိနစ် ၅၀ ခန့် ထည့်ဖုတ်ထားလိုက်ပါ။

၇။ အချိန်ပြည့်သွားပြီဆိုရင်တော့ ကြက်ဥပေါင်မုန့်ကို အနေတော် အတုံးလေး တုံးထားပြီးနောက် နွားနို့ (သို့) ကော်ဖီပူပူလေးဖြင့် အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Thespruceeats.com